close

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့

close

March 22, 2022

တောင်ကြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  TPDF နဲ့  ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့  YUG ပူးပေါင်းတပ်ဖွဲ့  မွမ်းမံသင်တန်း အပတ်စဉ်  ၄ သင်တန်းဆင်းပွဲကို မတ် ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။

တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDFက “ဘယ်လိုရန်သူပဲဖြစ်နေပါစေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမယ်ဆိုရင် သုတ်သင်ရှင်းလင်းသွားမှာပါ။ ပြည်သူလူထုတွေကလည်း ကျနော်တို့နဲ့အတူ ပူပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်ကြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့နယ်ဒေသအလိုက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာရှင်အမြစ်ပြတ်ထိတိုင်အောင် တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

2 mins Ago
Up