close

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

close

November 9, 2021

မအူပင်ခရိုင်​ဆေးရုံအုပ်ကြီးအား ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သတိ​ပေး

ကျန်းမာ​ရေးဌာန CDM ၀န်ထမ်းတွေကို ဖိအား​ပေးခြိမ်း​ခြောက်​နေမှုရပ်တန့်ဖို့ ဧရာဝတီတိုင်း မအူပင်ခရိုင်​ဆေးရုံအုပ်ကြီးအား မအူပင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က နို၀င်ဘာ ၈ ရက်​နေ့မှာ သတိ​ပေးချက် ထုတ်ပြန်လိုက်ပါတယ်။

CDM ပါ၀င်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို စစ်​ကောင်စီ​ရဲ့ ​ထောက်တိုင်ဖြစ်တဲ့ NonCDM အရာထမ်းတွေက  စစ်​ကောင်စီယန္တရား ပြန်လည်လည်ပတ်နိုင်​​စေဖို့ နည်းမျိုးစုံသုံး ဒုက္ခ​ပေးခဲ့တယ်လို့ ဆိုပါတယ်။

မအူပင်ခရိုင် ပြည်သူကျန်းမာ​ရေးဦးစီးဌာန  ​ဆေးရုံအုပ်ကြီး​ဒေါက်တာ​ကျော်စွာလှိုင်ဟာလည်း CDM ၀န်ထမ်းတွေကို ဖိအား​ပေး ဒုက္ခ​ပေး​နေတာကြောင့် ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ မအူပင်အ​နေနဲ့ လုံး၀လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

မအူပင်​ခရိုင်​ဆေးရုံအုပ်ကြီးအ​နေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထပ်မံဖိအား​ပေးတာတွေကို မပြုလုပ်ဖို့၊ သတိ​ပေးချက်ကို မလိုက်နာဘဲ ​ရှေ့ဆက်လုပ်​ဆောင်မယ်ဆိုပါက ခွင့်လွှတ်​မှာမဟုတ်ကြောင်း သတိ​ပေးထားပါတယ်။

မအူပင်ခရိုင်၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနက ဌာနကင်းကွာ အရာထမ်းအမှုထမ်းတွေ ရုံးလုပ်ငန်းသုံးအတွက်ချထား​​တဲ့ ကား၊ ဆိုင်ကယ်၊  Tablet၊ ကွန်ပျုတာတွေ အပ်နှံဖို့ မအပ်နှံပါက လုပ်ထုံးလုပ်နည်းနဲ့အညီ ​ဆောင်ရွက်သွားဖို့ မအူပင်ခရိုင်​ဆေးရုံအုပ်ကြီး​ ဒေါက်တာ​ကျော်စွာလှိုင်က ​အောက်တိုဘာ ၂၅ ရက်​နေ့က ညွှန်ကြားထား​တယ်လို့  သိရပါတယ်။

မအူပင်မြို့မှာ ​အောက်တိုဘာလ​အတွင်း ဒလန်ရှင်းလင်းတာနဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံး​ပေါက်ခွဲတာတွေကို မြို့ပြ​ပြောက်ကျား အဖွဲ့တွေက လုပ်​ဆောင်ခဲ့​ကြတယ်လို့ သိရှိရပါတယ်။

9 mins Ago
Up