close

ပြည်သူ့စစ်တပ်ဖွဲ့ဝင်

close

November 27, 2022

အီရန်အမျိုးသမီးသေဆုံးမှုကြောင့်ဖြစ်လာသည့် အဓိကရုဏ်းတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး

အီရန်နိုင်ငံမှာ စက်တင်ဘာလက အီရန်ကာ့ဒ်အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားချိန် အတွင်း သေဆုံးသွားခဲ့ရာကနေ ဖြစ်ပွားလာတဲ့ "အဓိကရုဏ်း" မှာ Basij ပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သူတို့အသက်တွေကို စတေးခဲ့ကြရတယ်လို့ အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီက နိုဝင်ဘာလ ၂၆ ရက်မှာ ပြောကြားပါတယ်။ 

“Basij ပြည်သူ့စစ်တွေဟာ လူသတ်သမားတွေ၊ သူပုန်တွေ၊ စာမတတ်သူတွေနဲ့ ကျွန်ပြုထားတဲ့သူတွေ ပါဝင်တဲ့ အင်အားတွေ အုပ်စုတွေရဲ့ရန်ကနေ တိုင်းပြည်ကို ကာကွယ်ဖို့ ၊ ဆူပူအုံကြွမှုတွေကနေ ကာကွယ်ဖို့ သူတို့ အသက်ကို စတေးခဲ့ကြတယ်။ တခြားသူရဲ့ ရက်စက်မှုကို တားဆီးဖို့ သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်”လို့ ခါမေနီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

အီရန်နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ်တွေနဲ့ ချိတ်ဆက်ထားတဲ့ Basij တပ်ဖွဲ့ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတော်အဆင့်ဖြိုခွဲမှုမှာ ရှေ့တန်းကနေ ဦးဆောင်နေတာပါ။ 

စက်တင်ဘာ ၁၆ ရက်က နိုင်ငံအတွင်း တင်းကျပ်တဲ့ အစ္စလာမ့် ဝတ်စားဆင်ယင်မှု စည်းကမ်းတွေအတိုင်း လိုက်နာစေတဲ့ ကျင့်ဝတ်ထိန်းသိမ်း‌ရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မာဆာအာမီနီ သေဆုံးမှုကနေ ဖြစ်ပွားလာတဲ့ ဆူပူအုံကြွမှုကို အီရန်ရဲ့ ပြည်ပရန်သူတွေနဲ့ သူတို့ရဲ့အေးဂျင့်တွေက ကြိုးကိုင်နေတာ လို့ အာဏာပိုင်တွေက အပြစ်တင်ထားပါတယ်။

သောကြာနေ့အထိ ဆန္ဒပြသူ ၄၄၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၆၃ ဦး ရှိကြောင်း တက်ကြွလှုပ်ရှားသူ သတင်းဌာန HRANA က ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၇ ဦးလည်း သေဆုံးခဲ့ပြီး ခန့်မှန်းခြေ လူပေါင်း ၁၈၁၇၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ 

3 hours Ago

May 5, 2022

ကာမိုင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ကာမိုင်းမြို့မှာ မေ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးဇော်ဌေး ဆိုသူဟာ လက်ဖက်ရည်ထိုင်သောက်နေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်သွားတာကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက် ၇ နာရီလောက်က မြနန္ဒာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာပစ်သွားတာ။ အနီးကပ် ပစ်သွားတာ။ သူထိုင်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ လာပစ်သူနှစ်ယောက်  ဘယ်သူဆိုတာတော့မသိဘူး” လို့ ပြောပါတယ်။

ဦးဇော်ဌေး သေဆုံးရာအနီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးပြီး အလောင်းကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကာမိုင်းမြို့နယ်မှာ သြဂုတ် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးတင်အောင် ဆိုသူ ပစ်သတ်ခံခဲ့ရပြီး ဦးဇော်ဌေးကတော့ ဒုတိယမြောက် ပစ်သတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

7 months Ago
Up