close

ပြည်သူ့စစ်သားစကားဝိုင်း

close

November 19, 2021

ပြည်သူ့စစ်သားစကားဝိုင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမည်

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေတဲ့ “ပြည်သူ့စစ်သားစကားဝိုင်း”အစီအစဉ်မှာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်  မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ CDM ဗိုလ်ကြီး ညီသုတ၊ တပ်ကြပ် သူရ ဇွဲမာန်နဲ့ မစုသစ်တို့လည်း ပါဝင်ဆွေးနွေးမှာဖြစ်သလို တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က Moderator အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆွေးနွေးပွဲတွေအနေနဲ့ People’s Soldiers ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး မေးခွန်းတွေ မေးမြန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးမှုမှာ ကြိုတင်မေးမြန်းထားနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ်။

5 mins Ago

October 15, 2021

ဒေါက်တာ ဆာဆာ၊ ဒေါက်တာတေဇာဆန်းတို့ ပါဝင်မည့် ပြည်သူ့စစ်သားစကားဝိုင်း ထုတ်လွှင့် မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနဲ့ မန္တလေးမြို့မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းတို့ ပါဝင်ဆွေးနွေးကြမယ့် ပြည်သူ့စစ်သားစကားဝိုင်းကို လာမယ့် အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်သွားဖို့ ရှိ နေပါတယ်။

“တပ်မတော်ကဘာကြောင့်တော်လှန်ရေးထဲ ပါဝင်သင့်တာလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဆွေး နွေးပွဲမှာတော့ နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ရွေးချယ်ဖော်ပြခံခဲ့ရတဲ့ ကချင်လူမျိုး လူနည်းစုအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ မအက်စတာဇေနော်၊ CDM လုပ်ကာ ပြည်သူ့ဘက်ရပ် တည်လာခဲ့တဲ့ တပ်မတော်သား ကောင်းထက်အောင်တို့လည်း ပါဝင်သွားကြမှာဖြစ်ကာ CDM ဗိုလ် ကြီး ညီသုတက Moderator အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆွေးနွေးပွဲတွေအနေနဲ့ People’s Soldiers ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး မေးခွန်းတွေ မေးမြန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးမှုမှာ ကြိုတင်မေးမြန်းထားနိုင်မှာ ဖြစ်ပါတယ်။

ခုတပတ်မှာတော့ စစ်ကောင်စီတပ်သားတွေပြောကြသလို “ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ CDM တပ်မတော်သားတွေဟာ နိုင်ငံရေးကစားဝိုင်းထဲမှာ အသုံးချခံနေရတဲ့ “ပွန်း” တွေဖြစ်တယ် “ ဆိုတာနဲ့ “နွေဦးတော်လှန်ရေးဟာ ပါတီတစ်ခုအတွက်လား“ ဆိုတဲ့ မေးခွန်းတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

1 month Ago
Up