close

ပြည်သူ့ပန်းတိုင်

close

March 3, 2022

လေတပ်ဗိုလ်ကြီးတဦးနှင့်တပ်သားတဦး စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီလေတပ်က ဗိုလ်ကြီးတဦးနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတခုက တပ်သား တဦးတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ သိရ ပါတယ်။

တပ်မတော် (လေ) က ဗိုလ်ကြီးမုတ်သုံကတော့ မကြာသေးခင်ကပဲ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ဆက်သွယ် CDM ပြုလုပ်လာခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တရင်းက တပ်သား သီဟနိုင်ကတော့ အမ်အေ-၃ သေနတ် ၂ လက်နဲ့အတူ  CDM ပြုလုပ်ကာ ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့ကြပြီး လက်ရှိမှာ လွတ်မြောက်နယ်မြေတနေရာကို ရောက်နေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့ရတဲ့ တပ်ကြပ်ကြီးနောင်ရိုးဟာလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်တာကြောင့် လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထား ပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

5 mins Ago

January 6, 2022

ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီ ရှေ့တန်းစခန်းတခုမှာ  တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါစစ်သည်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း “ပြည်သူ့ပန်းတိုင်” အဖွဲ့ဆီ ဆက်သွယ်တိုင်ပင်ခဲ့တာကြောင့် ကေအန်ယူအဖွဲ့နဲ့ ချိတ်ဆက်ပြီး စိစစ်ဆောင် ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က  တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

စစ်အာဏာသိမ်းကာလ ၁၁ လကျော်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေနဲ့  ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့ လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။

2 months Ago
Up