close

ပြည်သူ ၂၀

close

June 17, 2021

ဒီးမော့ဆိုနှင့် မိုးဗြဲတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ခန့် သေဆုံး

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်နဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူ အယောက်  ၂၀ လောက် ရှိနိုင်တယ်လို့  ကရင် နီတိုးတက်ရေးပြည်သူ့အင်အားစု PKPF က ဇွန်လ ၁၇ ရက် ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အကြောင်းမဲ့ပစ်သတ်သွားတဲ့ အရပ်သားပြည်သူတွေ လူသူမသိဘဲ သေဆုံးတာ ၂၀ လောက်ရှိပြီး၊ အထူးသဖြင့် ဒီးမောဆိုနဲ့ မိုးဗြဲမှာလို့   PKPF ရဲ့သတင်းထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီမော့ဆို၊ မိုးဗြဲတို့ထဲက ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ အဖိုးတန်ပစ္စည်းတွေခိုးယူတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီမော့ဆိုမြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ပုပ်ပွပျက်စီးရုပ်အလောင်းတွေကို  မြို့နယ် သံဃနာယကဆရာတော်တွေရဲ့ အကူအညီနဲ့ ဇွန်လ ၁၆ ရက်မှာ စုပေါင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

ကယားပြည်နယ်ထဲမှာ အပစ်ခတ်ယာယီရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ကြေညာထားပေမဲ့ မနေ့ညက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ 

5 mins Ago
Up