close

ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ဆိုင်မိုင်း

close

August 15, 2022

RCSS/SSA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ဆိုင်မိုင်း ကွယ်လွန်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ပြန်ကြား ရေးတာဝန်ခံလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ဆိုင်မိုင်းဟာ ဒီကနေ့မနက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၄၃ နှစ်ရွယ် ဒုဗိုလ်မှူးကြီး ဆိုင်မိုင်းဟာ အသည်းရောဂါနဲ့ ဒီကနေ့ မနက် ၃ နာရီကျော်က ထိုင်းနိုင်ငံ၊ ချင်းမိုင် နခွန်းဖင်းဆေးရုံမှာ ကွယ်လွန်သွားတယ်လို့  RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ 

သူဟာ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ကဖြစ်ပြီး RCSS/SSA ထဲကို ၁၉/၀၂/၂၀၀၀ ပြည့်နှစ်မှာ စတင်ဝင်ရောက်ကာ အဖွဲ့အစည်းရဲ့ ပြန်ကြားရေးတာဝန်ခ်၊ Taifreedom သတင်းဌာန တာဝန်ခံနဲ့ အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ 

သူ့ရဲ့ဈာပနကို  ချင်းမိုင် ဝပ်ကူမန့်ဘုန်းကြီးကျောင်းမှာ ထားရှိပြီး လာမယ့် ဩဂုတ်လ ၁၉ ရက် ( သောကြာနေ့မှာ ) မီးသင်္ဂြိုလ်မယ်လို့ သိရပါတယ် ။ 

48 seconds Ago
Up