ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသူ ကီလာဆမ်မဆန်ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကြိုုးစားနေတဲ့အကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ခရီးသွားဧည့်သည်တဦးဖြစ်တဲ့ ဆမ်မဆန်ဟာ ထိုင်း-မြန်မာနယ်စပ် အနီးမှာ အဖမ်းခံရပြီးနောက် သူ့ရဲ့မိသားဝင်စုတွေက ဖိလစ်ပိုင်အစိုးရကို အကူအညီတောင်းခံခဲ့ကြပါတယ်။ အဖမ်းမခံရမီ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ကနေ အပျော်စီးလှေတစ်စီးကို လိုက်ပါစီးနင်းသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပ်ုင် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံရဲ့ ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကနေ ဆမ်မဆန်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ တခြားဖိလစ်ပိုင်နိုင်ငံသား ၈ ယောက်ကို ဖိလစ်ပိုင်ကို ပြန်ခေါ်ဖို့အရေးဟာ မလွယ်လှဘူးလို့ ဆိုပါတယ်။
ABS-CBN သတင်းရဲ့ အဆိုအရ ဆမ်မဆန်ဟာ မြဝတီရဲစခန်းမှာ ဖမ်းဆီးခံနေရစဉ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာသူ့ရဲ့ မိသားစုကို နောက်ဆုံးအကြိမ် ဗီဒီယိုကောနဲ့ ဆက်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သူနဲ့အတူ သူငယ်ချင်းတစ်ယောက်ဟာ ဒီဇင်ဘာ ၇ ရင်နေ့တည်းက ထိုင်းကို အလည်အပတ် ရောက်ရှိနေကြတာဖြစ်ပြီး သူ့ရဲ့ ခရီးသွားဗီဇာဟာ ဇန်နဝါရီလ ၂၀ ရက်နေ့တည်းက သက်တမ်းကုန်ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။
အင်တာဗျူးတစ်ခုမှာ ဆမ်မဆန်ရဲ့ မိသားစုတွေက မြန်မာနိုင်ငံမှာ သူအလုပ်ရှာဖို့ သွားခဲ့တာလား ဆိုတဲ့မေးခွန်းကို ငြင်းဆန်ခဲ့ပြီး သူတို့ကို လူတစ်ယောက်က အပျော်တမ်းစက်လှေစီးပြီး လည်ပတ်စရာနေရာကို သွားလည်ဖို့ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်မှာ သူနဲ့ သူ့သူငယ်ချင်းက လျှောက်လည်နေကြတာဖြစ်ပြီး သူတို့ မဲဆောက်ကိုရောက်သွားကြတယ်လို့ ပြောတယ်။ သူတို့က လည်ပတ်စရာနေရာတွေ လိုက်ကြည့်နေရင်း လူတစ်ယောက်က စက်လှေစီးဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောတယ်။ လှေကလည်း လှတာအပြင် မြစ်တစ်ဘက်ကမ်းကို ကူးလိုက်တာနဲ့ လည်ပတ်စရာနေရာကို ရောက်ပြီလို့ ပြောတာကြောင့် သူတို့က စိတ်ဝင်စားပြီးလိုက်သွားခဲ့တာလို့ ပြောတယ်။”
ကီလာရဲ့ ညီမဖြစ်သူ အီလိန်းက အထက်ပါအတိုင်းဖြေကြားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Coconuts Manila သတင်းမှာ ဖော်ပြထားပါတယ်။
Ref/Photo Coconuts Manila
အိန္ဒိယကနေ လာမယ့်ခရီးသည်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ အငြင်းပွားဖွယ် အမိန့် ကြေညာချက်ကို ဖက်ဒရယ်အစိုးရကနေ ပယ်ဖျက်လိုက်ပြီးနောက် မေ ၁၅ ရက်မှာ ခရီးသည် ၈၀ လောက် လိုက်ပါလာတဲ့ ဩစတြေးလျရဲ့ ပထမဆုံးနေရပ်ပြန်လည်ခေါ်ဆောင်ရေးလေယာဉ်ဟာ နယူးဒေလီကနေ ပျံသန်းရောက်ရှိလာပါတယ်။
စနေနေ့လေယာဉ်နဲ့လိုက်ပါဖို့ လေယာဉ်စီး ခရီးသည်အပြင် အနီးကပ် ထိတွေ့သူတွေ ကိုလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေလုပ်ပြီး negative အဖြေ ၂ ခါ ထွက်မှ လိုက်ပါခွင့်ရခဲ့ ပေမဲ့ လူအယောက် ၇၀ လောက်ကို လေယာဉ်ပေါ်တက်ခွင့် တားမြစ်ခဲ့ပါတယ်။
ဩစတြေးလျကို ရောက်ရှိလာသူတွေကို Howard Springs မှာရှိတဲ့ သတ္တုတူးဖော်ရေး စခန်းကို အသွင်ပြောင်းထားတဲ့ဆီ ခေါ်ဆောင်သွားပြီး ၂ ပတ်ကြာ ကွာရန်တင်း ထားရှိမှာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ဇွန်လကနေစပြီး ၂ ပတ်တစ်ခါ လူ ၂၀၀၀ လောက်ကို တာဝန်ယူ ဆောင်ရွက်နိုင်ဖို့ ဒါဝင်မြို့ရဲ့အရှေ့တောင်ဖက် ၁၆ မိုင်အကွာလောက်မှာရှိတဲ့ အဲ့ဒီအဆောက် အအုံကို ၂ ဆကျော် ပိုဆံ့အောင် ရည်ရွယ်ထားပါတယ်။
ဒီလထဲမှာ တော်ဝင်ဩစတြေးလျလေတပ်က နေရပ်ပြန်လည်ခေါ်ဆောင်ရေး လေကြောင်း ခရီးစဉ် ၂ ခုကို စီစဉ်ထားပြီး ဇွန်လအကုန်မှာ လူ ၁၀၀၀ လောက် ပြန်လာနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။
ကိုဗစ်ဒဏ် အဆိုးဆုံးခံရတဲ့ အိန္ဒိယကနေ အိမ်ပြန်ခွင့်ရဖို့ လုပ်နေတဲ့ ဩစတြေးလျနိုင်ငံသားတွေနဲ့ အမြဲနေထိုင်ခွင့်ရသူ အယောက် ၉၀၀၀လောက် ရှိနေပါတယ်။