close

ပြန်စဖွင့်

close

May 2, 2023

ရန်ကုန်တွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ပြန်စဖွင့်

ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက မေလ ၂ ရက် ဒီကနေ့ ပြန်လည် စတင်ဖွင့်လှစ် သင်ကြားနေပြီလို့  ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းဖွင့်ချိန်ဟာ ဇွန်လမှာဖြစ်ပေမယ့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကတော့ မေလကတည်း တလစောပြီးဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။ ဒါဟာ အရင်အစိုးရလက်ထက်ကတည်း ယနေ့အထိကျင့်သုံးနေတဲ့ ကိုယ်ပိုင်ကျောင်းဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်နေ ကျောင်းသားမိဘတဦးက “ကျောင်းတွေက စာမေးပွဲမဖြေခင်ကတည်းက ကျောင်းဆက်ထားမှာဆိုရင် ကျောင်းလခကြိုတင်ပေးသွင်းရမယ်လို့ သတ်မှတ်ထားတာ၊ ကျောင်းဖွင့်ချိန်ကလည်း မေလကတည်းက တလကြိုစောပြီး ဖွင့်မယ်လို့ မှာလိုက်တယ်။ ကျမတို့ကတော့ ဇွန်လမှပဲထားမှာ။ တလစာသက်သာလည်း မနည်းဘူး”လို့ ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဥပဒေမှာ ကျောင်းဖွင့်ချိန်တွေဟာ အစိုးရကျာင်းဖွင့်ချိန်အတိုင်း ဖွင့်လှစ်ရမယ်လို့သတ်မှတ်ထားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ ကိုယ်ပိုင်ကျောင်းတွေဟာ ဥပဒေကိုကျော်လွန်ပြီး အစိုးရကျောင်းတွေထက် တလစောပြီးဖွင့်လှစ်နေကြတာဖြစ်ပါတယ်။

အခုအခါ ကိုယ်ပိုင်ကျောင်းထားမယ်ဆိုရင် အတန်းအလိုက်ဈေးနှုန်းတွေသတ်မှတ်ထားပြီး တလကို အနိမ့်ဆုံး ကျပ် ၅၀၀၀၀ လောက်ကနေ ပေးဆောင်နေရပြီး ဖယ်ရီစီးမယ်ဆိုရင်တော့ အနီးအဝေးအပေါ်မူတည်ပြီး ကျပ် ၄၀၀၀၀ ကနေ ၅၀၀၀၀  အအထိ ပေးဆောင်နေရတာကြောင့် တလမှာ ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားတဦးရဲ့ စရိတ်ဟာ ကျပ် တသိန်းလောက်အထိ ကုန်ကျနေပါတယ်။ 

15 mins Ago

April 21, 2020

နော်ဝေတွင် မူကြိုကျောင်းများအပါအဝင် ကျောင်းအချို့ ပြန်စဖွင့်

နော်ဝေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး တလကြာအောင် အသွားအလာ ပိတ်ပင်ကန့်သတ်အပြီးမှာ ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကျောင်းတချို့ ပြန်စဖွင့်နေပြီး မူကြိုကျောင်းတွေလည်း ဧပြီ ၂၀ က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အော်စလိုမြို့တော်က မူကြိုကျောင်းတကျောင်းမှာ လက်သန့်ဆေးတွေကို နေရာ အတော်များများမှာ ချထားပေးပြီး ဝန်ထမ်းတွေဟာ ကျောင်းမဖွင့်ခင် မျက်နှာပြင်တွေကို ဆေးကြောခဲ့ကြပါတယ်။ နော်ဝေဟာ ကိုရိုဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့လုပ်ဆောင်ထားတဲ့ ကန့်သတ်ချက်တွေကို တဖြည်းဖြည်းချင်း ပြန်စလျှော့ပေးခဲ့တဲ့ ပထမဆုံး ဥရောပနိုင်ငံတွေထဲက တနိုင်ငံပါ။ ဧပြီ ၂၀ ရက်ကနေ ၂၇ ရက်အကြားမှာ မူကြိုကျောင်းတွေကို ပြန်ဖွင့်မှာဖြစ်ပြီး ပထမတန်းကနေ စတုတ္ထတန်းထိ ကျောင်းတွေကိုတော့ ဧပြီ ၂၇ ရက်မှာ ပြန်ဖွင့်မှာပါ။ ဒါပေမဲ့ အိမ်ကနေ အလုပ်လုပ်တာကို ဆက်လုပ်ရမှာဖြစ်ပြီး အကြီးစား အားကစားနဲ့ ယဉ်ကျေးမှု ပွဲတော်တွေကိုတော့ ဇွန်လ ၁၅ ရက်အထိ တားမြစ်ပိတ်ပင်ထားမှာပါ။ နော်ဝေနိုင်ငံသားတွေအနေနဲ့  မဖြစ်မနေ လိုအပ်ချက် မဟုတ်ရင် နိုင်ငံခြား ခရီးမသွားဖို့လည်း အကြံပြုထားပါတယ်။ နော်ဝေနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ်ခွင့် မရှိတဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်မပေးပါဘူး။ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ရေနံလုပ်ငန်းတွေအတွက် အလုပ်လုပ်နေတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေကတော့ နော်ဝေနိုင်ငံထဲကို လာနိုင်ပါတယ်။ ဧပြီ ၂၀ ရက် အတည်ပြုချက်အရ နော်ဝေနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၇၁၁၃ ယောက် ရှိပြီး ကူးစက်ခံ ၁၅၄ ယောက် သေဆုံးခဲ့ပါတယ်။
3 years Ago
Up