close

ပြန်လည်စုရုံး နှစ်ခြောက်လုံး

close

February 20, 2022

‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ လှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်ရန် ထားဝယ်သပိတ်ကော်မတီ တိုက်တွန်း

လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြုလုပ်မယ့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ရော အကြမ်းမဖက်လှုပ်ရှားမှုရဲ့ ပြယုဂ်တစ်ခု အနေနဲ့ပါ ပန်းပွင့်၊ ပန်းစည်းတွေကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံစာရွက်တွေနဲ့တွဲပြီး လမ်းမတွေပေါ် ချထားခဲ့ပြီး ပူးပေါင်းပါဝင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးက “လှုပ်ရှားမှုကတော့ လူထုတရပ်လုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုဖြစ်အောင် သေချာဆွေးနွေးပြီးတော့ လုပ်တာဖြစ်ပါတယ်၊ ပန်းစည်တွေ၊ ပန်းပွင့်တွေကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံရေးထားတဲ့ စာရွက်လေးတွေနဲ့အတူတူ လမ်းပေါ်ချထားခဲ့ဖို့ပါ။ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူတိုင်း ဒီလှုပ်ရှားမှုမှာ ပါဝင်စေချင်ပါတယ်” လို့ ပြောပါတယ်။

“ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထူလှုပ်ရှားမှုကို ထောက်ခံစည်းရုံးတဲ့အနေနဲ့  ဆန္ဒပြပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှ ၄ နာရီအထိ စုရုံးပြုလုပ်ခဲ့ကြပါတယ်။

50 seconds Ago
Up