close

ပြန်လည်ရောက်ရှိ

close

December 5, 2022

တရုတ်အာကာသယာဉ်မှူး ၃ ဦး ကမ္ဘာမြေ ပြန်လည်ရောက်ရှိ

တရုတ်အာကာသယာဉ်မှူး ၃ ဦးဟာ တရုတ်နိုင်ငံရဲ့ Shenzhou-14 အာကာသယာဉ်ကနေ ကမ္ဘာမြေကို အာကာသယာဉ်ငယ်နဲ့အတူ ဒီဇင်ဘာ ၄ ရက်က ပြန်လည်ရောက်ရှိလာပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ အာကာသစခန်းမှာ ၆ လကြာမြင့်ခဲ့တဲ့ မစ်ရှင်ရဲ့ အဆုံးသတ်ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။

အာကာသယာဉ်မှူး ၃ ဦးဖြစ်တဲ့ အရာရှိ Chen Dong၊ အဖွဲ့ဝင် Liu Yang နဲ့ Cai Xuzhe တို့ဟာ နိုဝင်ဘာလက ပြီးစီးခဲ့တဲ့ အာကာသစခန်း တည်ဆောက်မှုမှာ အခရာကျတဲ့ နောက်ဆုံးကာလကို သွားရောက်ကြီးကြပ်ခဲ့ကြတာပါ။

CCTV ရဲ့ ထုတ်လွှင့်မှုမှာတော့ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီးနောက် သူတို့အခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။

ဒီတရုတ်အာကာသယာဉ်ငယ်ဟာ တရုတ်နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုလီးယားဒေသအလယ်က Dongfeng တည်နေရာမှာ ဂရင်းနစ်စံတော်ချိန် ၁၂ နာရီ ၉ မိနစ်က ရောက်ရှိ ဆင်းသက်ခဲ့တာပါ။

အာကာသအေဂျင်စီက ဝန်ထမ်းတွေနဲ့အတူ ဇွန်လ ၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒီမစ်ရှင်ကို ပြီးပြည့်စုံသော အောင်မြင်မှုလို့ CCTV က အမွှမ်းတင်ခဲ့ပါတယ်။

ပင်ပန်းနွမ်းနယ်နေပုံရတဲ့ အာကာသယာဉ်မှူးတွေကို အေဂျင်စီဝန်ထမ်းတွေက တယောက်ချင်း ခေါ်ထုတ်သွားခဲ့ပြီး ည ၉ နာရီမှာတော့ ထွက်ခွာမှု ပြီးစီးခဲ့တယ်လို့ CCTV က ဆိုပါတယ်။

ပြန်ရောက်လာခဲ့တဲ့ အာကာသယာဉ်မှူး ၃ ဦးနေရာမှာ အစားထိုးဝင်ရောက်လုပ်ကိုင်ဖို့ နောက်ထပ် အာကာသယာဉ်မှူးအသစ် ၃ ဦးဟာ နိုဝင်ဘာ ၃၀ ရက်နေ့က တရုတ်အာကာသစခန်းကို ရောက်ရှိလာခဲ့ပါတယ်။

5 mins Ago

February 23, 2020

မြန်မာလုပ်သား ၁၀၀ ကျော် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံကနေ မြန်မာလုပ်သား ၁၀၀ ကျော် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ကို ရောက်ရှိလာတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ နေ့လယ်ပိုင်းက မြန်မာအလုပ်သမား ၁၃၈ ယောက်ကို တရုတ်နိုင်ငံ လင်ချန် ပြည်သူ့ဆက်ဆံရေး ဒုတာဝန်ခံ ဦးစီးတဲ့အဖွဲ့က လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့က မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ပေါက်ကို လာပို့တာလို့ ဆိုပါတယ်။ သူတို့ကို ဟိုပန်ပြည်သူ့ဆေးရုံက သူနာပြုဒေါ်မေသန္တာဝင်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ကျန်းမာရေး အခြေအနေ စစ်ဆေးပေးခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ အချိန်မှာ သူတို့အစီအစဉ်နဲ့သူတို့ နေရပ်အသီးသီးကို ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။
3 years Ago
Up