close

ပြာပုံထဲက ဖီးနစ်ငှက်များ

close

July 21, 2021

မန္တလေးက 'ပြာပုံထဲက ဖီးနစ်ငှက်များ'သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ ၊ ၁ ဦးဒဏ်ရာရပြီး ၂ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ ပထမဆုံး စတင်သပိတ်ထွက်ခဲ့တဲ့ “ပြာပုံထဲက ဖီးနစ်ငှက်များ” သပိတ်စစ်ကြောင်းကို ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းပြီး အမျိုးသမီး ၂ ဦးအား ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ 

မန္တလေးမြို့ ၆၉ အေ၊ ၁၀၉ ဘီ လမ်းမှာ အဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး  အမျိူးသားတစ်ဦးကတော့ ခြေထောက်မှာ ကျည်ဆန်ထိမှန်သွားလို့ ဆေးကုသနေရဆဲ ဖြစ်တယ်လို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်ကတည်းက သပိတ်စစ်ကြောင်းထွက်ဖို့ စီစဥ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဇူလိုင် ၂၀ ရက်နေ့မှ ထွက်ဖြစ်ခဲ့ရာ စုရပ်ပေါက်သွားပြီး ခုလို အဖမ်းခံလိုက်ရတာလို့ ပြောပြပါတယ်။

3 mins Ago
Up