close

ပြိုကျပျက်စီး

close

July 29, 2021

မန္တလေးတွင် ငလျင်ကြောင့် ဘုန်းတော်ကြီးကျောင်း ပြိုကျပျက်စီး

မန္တ​လေးတိုင်း ချမ်းအေးသာဇံမြို့နယ်မှာ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီကျော်က ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ သိပါတယ်။

ချမ်းအေးသာဇံ မိုးကောင်းကျောင်းတိုက်ထဲက ဒီဃာယု ဘုန်တော်ကြီးကျောင်း ပြိုကျတပျက်စီးခဲ့တာပါ။

ကျောင်းမှာ ဘုန်းတော်ကြီးတစ်ပါးတည်း သီတင်းသုံးနောဖြစ်ပြီး ကျောင်းပြိုကျတာကြောင့် လူထိခိုက်မှု မရှိဘူးလို့ အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။

1 min Ago

September 20, 2020

ကော့သောင်းမြို့တွင် ပင်လယ်ရေလှိုင်းကြောင့် လူနေအိမ် ၂၀ ခန့် ပြိုကျပျက်စီး

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ မိုးအဆက်မ​ပြတ်ရွာသွန်းပြီး ပင်လယ်ရေ လှိုင်းပုတ်ခြင်းကြောင့် လူနေအိမ် ၂၀ လောက် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက် မြို့ဦးစေတီရင်ပြင်အောက်ဘက် ကြေမွပျက်စီးခဲ့ပြီး ရွာသာယာကျေးရွာမှာ လူနေအိမ် ၂၀ လောက် ပြိုကျပျက်စီးကာ ရွာဆိပ်ခံတံတားမှာလည်း အခင်းသစ်သားတွေ ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ရွာသာယာကျေးရွာမှ ဒေါ်စန်းဝင်းက “မိုးက အဆက်မပြတ်ရွာတယ်။ မိုးရွာတဲ့အခါ ရေပါတာ များတယ်။ မိုးရွာတဲ့အချိန် လေပြင်းတွေတိုက်တယ်။ အခုဖြစ်တာက ဒီရေတက်ချိန် မိုးက ရွာ၊ လေပြင်းတွေက တိုက်နဲ့၊ ပင်လယ်ထဲမှာ လှိုင်းကြီးပြီး ကမ်းကို လှိုင်းလာရိုက်တာကြောင့် ကမ်းခြေဘက်က အိမ်တွေ လေတိုက်တာရော လှိုင်းရိုက်တာရောကြောင့် အခုလို ပြိုကုန်တာ၊ လုံးဝပြိုသွားတာက အိမ် ၂၀ လောက်။ ပြိုသွားတဲ့အိမ်ကလူတွေကို ရေလွတ်ရာကို ပို့ပေးထားရတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် အောင်သုခရပ်ကွက်က ကြေးနန်းဝင်း ကမ်းသာလမ်း ကမ်းရိုးတန်းတလျှောက်ရှိ လူနေအိမ်တချို့ အိမ်ရှေ့မျက်နှာစာ၊ အိမ်ခြေတိုင်တွေ၊ နေအိမ်အမိုးတွေ ပျက်စီး​ခဲ့ပါတယ်။ ဒီသဘာဝဘေးကြောင့် ကော့သောင်းမြို့ ကျေးရွာတချို့မှာ ရေကြီးလျှံတာတွေရှိပြီး လေပြင်းကြောင့် အမိုးလန်တာ၊ သစ်ပင်ကျိုးကျတာတွေ အနည်းငယ်ရှိပြီး လူထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်နိုင်ဖို့ စာရင်းပြုစုနေပြီး အမြန်ဆုံးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ သတင်း - လတ်ကိုကိုဦး
10 months Ago

ရေးမြို့နယ်တွင် လေပြင်းကြောင့် နေအိမ် ၁၁ လုံးနှင့် ငါးလှန်းကြပ်စင်များ ပြိုကျပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဇီးဖြူသောင်ကျေးရွာနဲ့ အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့မှာ လူနေအိမ် ၁၁ လုံးနဲ့ ငါးလှန်းကြပ်စင်တွေ ပြိုကျခဲ့ပျက်စီးခဲ့ပါတယ်။ ဇီးဖြူသောင်ကျေးရွာမှာ လူနေအိမ် ၇ လုံး ပြိုကျပြီး အိမ် ၁ လုံး သစ်ပင်ပိကာ၊ အိမ် ၆ လုံး ယိုင်နဲ့သွားပါတယ်။ ပင်လယ်ရေလှိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြီး ကျေးရွာထဲကို ပင်လယ်ရေ ဝင်ရောက်ကာ လယ်ကွင်းတွေမှာ တာတမံကျိုးပေါက်ခဲ့တယ်လို့ ကျေးရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်(ရွာသစ်) မှာ လူနေအိမ် ၄ လုံး အပါအဝင် ငါးလှန်းကြပ်စင် ၂၃ ခု ပြိုကျပျက်စီးခဲ့ပြီး တန်ဖိုးကျပ်သိန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့သလို တာတမံကျိုးပေါက်မှုကြောင့် မွေးမြူရေးငါး ကျပ်သိန်း ၁၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဓမင်းဆိပ်ရွာသစ်ရွာခွဲ ခေါင်းဆောင် ဦးဝင်းက  ပြောပါတယ်။ သတင်း - ဝင်းနိုင်သက်
10 months Ago
Up