close

ပြိုကျအဆောက်အုံ

close

April 26, 2022

နယူးဒေလီ၌ ပြိုကျအဆောက်အုံအတွင်းမှ လူ ၂ ဦးကို ကယ်တင်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ  ပြိုကျသွားတဲ့ အဆောက်အုံထဲကနေ နောက်ထပ်  လူ ၂ ယောက်ကို ဧပြီ ၂၅ ရက်က  အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ‌ ဖော်ပြထားပါတယ်။

နောက်ထပ်တယောက်လည်း အပြိုအပျက်တွေထဲမှာ အသက်ရှင်လျက် ပိတ်မိနေပါတယ်။ အဆောက်အအုံ ဘာကြောင့် ပြိုကျရသလဲဆိုတာကိုတော့ မသိရပါဘူး။ 

ဒီအဆောက်အအုံဟာ အဟောင်းကို ပြန်ပြင်ထားတာဖြစ်ပြီး ဒေသအာဏာပိုင်တွေက အဆောက်အအုံကို မပြင်တော့ဖို့ ပိုင်ရှင်ထံ သတိပေး နို့တစ်စာ ပို့ဖူးတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

အိန္ဒိယနိုင်ငံမှာ အခုလို အဆောက်အအုံအဟောင်းတွေ၊ အရည်အသွေးမပြည့်တဲ့ အဆောက်အအုံတွေ ပြိုကျတာ ထုံးစံလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

4 hours Ago
Up