close

ပြိုကျ

close

April 19, 2023

နယူးယောက်တွင် ယာဉ်ရပ်နားစခန်း ပြိုကျ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟန်တန်ရပ်ကွက် အောက်ပိုင်းမှာ ဧပြီ ၁၈ ရက်က ယာဉ်ရပ်နားစခန်းပြိုကျလို့ လူတဦးထက်မနည်း သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ယာဉ်ရပ်နားစခန်းရဲ့ ဘေးကပ်လျက် လူနေအဆောက်အအုံတခုမှာ အစည်းအဝေးတက်နေတဲ့ မျက်မြင်သက်သေ အန်ဒရူး ရှိုမဲန်က ပြိုကျတဲ့အကြောင်း ဆိုရှယ်မီဒီယာကနေတဆင့် မသိရှိရမီ ဆူညံသံ ဥဩသံတွေ ကြားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် အမိုးပေါ်ကိုသွားပြီး အပျက်အစီးတွေကို သူက ကြည့်ခဲ့တာပါ။ ကားဂိုဒေါင်ထဲမှာ သူ့အစည်းအဝေးကို လာတက်သူတွေရဲ့ ကားတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လေးထပ်ရှိပြီး ပြိုကျခဲ့တဲ့ ယာဉ်ရပ်နားစခန်းဟာ ပေ့စ်တက္ကသိုလ်နဲ့ နယူးယောက် စတော့အိတ်ချိန်း အဆောက်အဦတို့နားမှာ ရှိပါတယ်။

ဒီဖြစ်ရပ်ကြောင့် အဆောက်အဦထဲက အလုပ်သမားတဦး သေဆုံးပြီး တခြားလူ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တမင်ကြံစည်လုပ်ဆောင်တဲ့ ဖြစ်ရပ်အဖြစ် သံသယမရှိကြပါဘူး။ နောက်ထပ် သေဆုံး ဒဏ်ရာရသူ ရှိမရှိ ရှာနိုင်ဖို့ အဆောက်အဦ အခြေအနေက မတည်ငြိမ်တဲ့အတွက် ပြိုကျတဲ့ အပျက်အစီးတွေကို အရေးပေါ် အရာရှိတွေက စက်ရုပ်လက်တံတွေသုံးပြီး ဖယ်ရှားခဲ့ပါတယ်။

7. 270 killed, 2,600 injured in Sudan's violence: WHO

  • Date: 19/04/2023 14:41
1 min Ago

March 27, 2023

ပဲခူးဘုရားပွဲတွင် ရဟတ်လှေကားစင်ပြိုကျပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်ဗုဒ္ဓပူဇနိယပွဲ၊ အနောက်ဘက်မုခ်၊ ကားရပ်နားကွင်းအတွင်း ကျင်းပနေတဲ့ ပွဲဈေးမှာ မတ်လ ၂၆ ရက် ညပိုင်းက  ပင်လယ်ဓားပြလှေရဟတ်ရဲ့ လှေကားစင် ပြိုကျလို့ ကလေးငယ်တွေအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မနေ့ည ၇ နာရီလောက်က  ရဟတ်အတက်လမ်း အမြင့် ၁၀ ပေလောက်ရှိတဲ့ လှေကားစင်ပေါ်မှာ လူ ၂၀ ခန့် ရဟတ်စီးဖို့ စောင့်ဆိုင်းနေချိန် အလေးချိန်မမျှလို့ သံတိုင်တပ်သစ်သားခင်းစင် ပြိုကျခဲ့တာပါ။

လှေကားစင်ပြိုကျမှုကြောင့်  ခါးကျိုးဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး၊ ညာဘက်ပေါင် စုတ်ပြဲဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦး အပါအဝင် ခြေထောက်လက်ကျိုး ဒဏ်ရာ၊ ခေါင်းပေါက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပြီး ၁၆ နှစ်အရွယ် အမျိုးသမီး ၄ ဦး၊ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ၁၆ နှစ်အောက် ကလေးငယ် ၅ ဦးတို့ ဒဏ်ရာရသွားတယ်လို့ ပဲခူးမြို့ခံ ပရဟိတအသင်းကနေသိရပါတယ်။ 

"ပင်လယ်ဓားပြလှေက အမြင့်‌အပေါ်မှာ လုပ်ထားတော့ ‌အပေါ်တက်ဖို့ လှေကားနဲ့ တက်ရတယ်။ အမြင့်က ၁၀ ပေလောက်ရှိတယ်။  အဲဒီလှေကား ပြိုကျတာပါ၊ အားလုံး ၁၁ ဦး ဒဏ်ရာရနဲ့ ဆေးရုံပို့ဆောင်ထားတယ်။ လက်ကျိုးခြေကျိုးဒဏ်ရာ၊ နောက် လူအုပ်ဖိမိတာကြောင့် ခါးကျိုးတာက တစ်ယောက်ရှိတယ်၊ အသေအပျောက်တော့ မရှိပါဘူး " လို့ ပရဟိတ အသင်းဝင်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ပင်လယ်ဓားပြလှေ ပိုင်ရှင်အနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကူညီပေးမှု ရှိ၊မရှိနဲ့ အဲဒီပိုင်ရှင်အပေါ် အရေးယူထားမှု ရှိ၊ မရှိ မသိရသေးပါဘူး။

‌ပွဲဈေးကို တန်ခူးလဆန်း ၅ ရက်ကနေ ဧပြီ ၉ ရက် အထိ ကျင်းပမှာလို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ပဲခူးဆေးရုံပို့ဆောင်ထားပါတယ်။  

3 weeks Ago
Up