close

ပြိုင်ဘက်အသင်း၏ခြေအိတ်

close

March 14, 2023

မန်စီးတီးဂိုးသမား အီဒန်ဆန် ပြိုင်ဘက်အသင်း၏ခြေအိတ်ကို ဝတ်ဆင်ကစားခဲ့

မန်စီးတီးဂိုးသမား အီဒါဆန်ဟာ အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ ခြေအိတ်ကို ဝတ်ဆင်ကစားခဲ့ပါတယ်။

အဲဒီပွဲမှာ မန်စီးတီးက ဟာလန်းရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အနိုင်ရခဲ့ပြီး ဂိုးသမားအီဒါဆန်က ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့ပါတယ်။

ထူးခြားမှုတစ်ခုက အီဒါဆန်ဝတ်ဆင်ခဲ့တဲ့ ခြေအိတ်ဟာ ခရစ္စတယ်ပဲလေ့အသင်း ဝတ်စုံဖြစ်ခဲ့တာကို ပရိသတ်တွေက သတိထားမိကြပါတယ်။

ဒါဟာ မန်စီးတီးအသင်းရဲ့ အပြာရောင် ဝမ်းဆက်ဝတ်စုံကြောင့်ဖြစ်ပြီး လွဲချော်မှု မဖြစ်စေဖို့အတွက် ပဲလေ့အသင်းရဲ့ အဖြူရောင်ခြေအိတ်ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ရတာလို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းပရိသတ်တစ်ဦးကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ လူတွေမသိခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့ရဲ့နိုင်ပွဲတစ်ပွဲဖြစ်ကြောင်း အရွန်းဖောက်ခဲ့ပါတယ်။

12 mins Ago
Up