close

ပြုပြင်

close

April 23, 2023

Leopard တင့်ကားများကို ပြုပြင်ရန် ဂျာမနီ ၊ ပိုလန်နှင့် ယူကရိန်းတို့ သဘောတူ

ဂျာမနီ၊ ပိုလန်နဲ့ ယူကရိန်းတို့ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ယူကရိန်းမှာ သုံးနေတဲ့ Leopard တင့်ကားတွေကို ပြုပြင်ဖို့ အချက်အချာကျတဲ့ သဘောတူညီချက်တစ်ရပ်ကို ဧပြီ ၂၁ ရက် က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်စတိုးရီးယပ်စ်က ရမ်စတိန်း လေတပ် အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ မဟာမိတ်အဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ 

“နားလည်မှုစာချွန်လွှာကို ဒီနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ Leopard 2 ယာဉ်စုတစ်ခုလုံး အတွက် ပိုလန်မှာ ပူးတွဲပြင်ဆင်ရေး အချက်အချာဌာနတစ်ခု ထူထောင်မယ်လို့ ပြောထားပါတယ်" လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တစ်နှစ်ကို ယူရို သန်း ၁၅၀ မှ ၂၀၀ သန်း (ဒေါ်လာ ၃၈၄ သန်း) ကုန်ကျမယ့် ဒီဌာနအတွက်  ဘဏ္ဍာငွေ ဘယ်လို ပံ့ပိုးမယ် ဆိုတာကို အားလုံးက သဘောတူခဲ့ကြပြီး မေလကုန်မှာ လုပ်ငန်း စတင်နိုင်တယ်လို့ ပစ်စတိုးရီးယပ်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

"ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို ပြသတာပါ။ ပူတင်က အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်လို့မရပါဘူး။ ကျွန်တော်တို့ ဇွဲရှိရှိ ရပ်တည်သွားမယ်”လို့ ပစ်စတိုးရီးယပ်စ်က ပြောပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO မှာ ယူကရိန်းရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင် အဖွဲ့ဝင်အားလုံးက ယူကရိန်းကို အနာဂတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ရှုမြင်ကြောင်း သဘောတူခဲ့ကြသော်လည်း ယခုအခါ စစ်မြေပြင်မှာ ယူကရိန်းကို ထောက်ပံ့ရေးကို သာ အဓိကထား လုပ်ဆောင်ရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

13 mins Ago

October 15, 2021

ဖောက်ခွဲဖျက်ဆီးခံရသည့် ကလော့ချောင်းတံတား ပြန်လည်ပြုပြင် (ဓာတ်ပုံ)

ရန်ကုန်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်က မိုင်းခွဲခံရတဲ့ ကလော့ချောင်းတံတားကို ဆောက်လုပ်ရေးလမ်းအင်ဂျင်နီယာတွေက နေ့ရောညပါအမြန်ပြန်လည်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်  ရေးမြို့  ကလော့ချောင်းတံတား ဒေသအခေါ်  ပေ ၄ဝ တံတားဟာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းပေါက်ကွဲ ဖျက်ဆီးခံရပြီး တံတားရဲ့ ယက်မ ၁ ချောင်း ပျက်စီးသွားခဲ့တာကြောင့် အိမ်စီးကားနဲ့ တန်ချိန်နည်းတဲ့ ကားတွေကိုတော့ ဖြတ်သန်းသွားလာခွင့်ကို ပေးထားပါတယ်။

တန်ချိန်များတဲ့ ကုန်တင်ယာဉ်ကားတွေကို‌တော့ လက်တလောမှာ ဖြတ်သန်းခွင့် မပြုသေးဘဲ အချိန်မီ ကုန်စည်ပို့ဆောင်ရေးတွေ ပုံမှန်သွားလာလို့ ရအောင်လည်း သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနမှ လမ်းအင်ဂျင်နီယာတွေက အပူတပြင်း ဆောက်လုပ်နေကြတာပါ။

တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပက်သက်ပြီး ရေး PDF က လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဘယ်အဖွဲ့က ဖောက်ကွဲ ဖျက်ဆီးသွားတာတော့ မသိရှိရသေးပါဘူး။

ပုံ  Crd  (ANW)

2 years Ago
Up