close

ပြုံယမ်းမြို့

close

January 1, 2022

ပြုံယမ်းမြို့ နှစ်ကူးပွဲ မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့မှာ ၂၀၂၂ နှစ်သစ်ကူးပွဲကို ကပွဲတွေ မီးပန်းအလှတွေ ပြသပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ဆင်နွှဲတာကို နိုင်ငံပိုင် KRT ရုပ်သံက ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှာ တိုက်ရိုက် လွှင့်ထုတ်ခဲ့ပါတယ်။ 

သိန်းသောင်းချီတဲ့ ပရိတ်သတ်အားလုံးနီးပါးရဲ့ မျက်နှာတွေမှာ ပထမဆုံးအကြိမ် face-mask တွေ ဝတ်ထားပါတယ်။  

မြောက်ကိုရီးယားဟာ ပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လုံးဝမရှိသေးပါဘူး။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲ အိုမီခရွန် တကမ္ဘာလုံးပျံ့နှံ့လာပြီးနောက်  ဒီဇင်ဘာလထဲမှာ ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ဖို့ ကြေညာထားပြီး ကိုယ်အပူချိန်တိုင်းမှုတွေ စလုပ်ပေးနေပါတယ်။  

ကင်အီဆွန်းရင်ပြင်မှာ ပြုလုပ်တဲ့ New Year ဖျော်ဖြေပွဲမှာ မျိုးချစ်စိတ်ဓာတ်သီချင်းတွေဆို၊  နိုင်ငံအလံတွေ ဝှေ့ယမ်းတေးသရုပ်ဖော်တွေကပြပြီး မီးပန်းတွေ ဖောက်ခဲ့ပါတယ်။

လူအများပြားက မီးပန်းတွေတက်တာကို  စောင့်ကြည့်ပြီး Happy New Year 2022 လို့ ရဲရဲဝံ့ဝံ့ အော်ဟစ်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ လူရှေ့မထွက်ပြဘဲ ရုပ်သံကနေ စောင့်ကြည့်ခဲ့ ပါတယ်။

1 min Ago
Up