close

ပြုံယမ်း

close

January 8, 2023

ကိုရီးယားအလုပ်သမားပါတီ၏ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရန် ပြုံယမ်းတွင် လူထုစည်းဝေး

မြောက်ကိုရီးယားပြည်သူတွေဟာ မြို့တော်ပြုံယမ်းမှာ လူထုစုဝေးပွဲ ကျင်းပခဲ့ပြီး လက်ရှိအာဏာရ ကိုရီးယားအလုပ်သမားပါတီ (WPK) ရဲ့ မျက်နှာစုံညီ အစည်းအဝေးအတွင်း ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်လွှင့်ပါတယ်။ 

KCNA က ထုတ်လွှင့်ချက်အရ ဇန်နဝါရီ ၅ ရက်က မေဒေး အားကစားကွင်းမှာကျင်းပတဲ့ လူထုစည်းဝေးပွဲမှာ မြောက်ကိုရီးယား အရာရှိတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေဟာ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြကြောင်း မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီ ကနေ ဗီဒီယိုဖိုင် ပံ့ပိုးပေးခဲ့ပြီး ရိုက်တာက လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် သာလွန်များပြားတဲ့ စစ်ရေးအင်အား ရှိနေဖို့ လိုအပ်ကြောင်း WPK အစည်းအဝေးမှာ အလေးပေး ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်မှာ နယ်စပ်ဖြတ်ကျော် တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အမေရိကန်ဦးဆောင်တဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ တိုက်ချင်းပစ် ဒုံးကျည်အသစ်တွေ တီထွင်ဖို့ တောင်းဆိုခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။ 

ကင်မ်ဟာ သိပ္ပံ၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ နယ်ပယ်တွေမှာ မနှစ်က တွေ့ရှိခဲ့တဲ့ ဆိုးရွားညံ့ဖျင်းတဲ့ ချို့ယွင်းချက်တွေကိုလည်း ထောက်ပြခဲ့ပြီး အဲဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို အကြံပြုခဲ့ပြီးတော့ ၂၀၂၃ ခုနှစ်အတွက် အဓိကကျတဲ့ လုပ်ငန်းတာဝန်တွေကို ချမှတ်ခဲ့ကြောင်း KCNA မှ သီးခြားအစီရင်ခံချက်မှာ ပြောထားပါတယ်။ 

5 mins Ago

December 18, 2022

ကင်မ်ဂျုံအီလ်ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် အခမ်းအနား ပြုံယမ်းတွင် ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က မြို့တော်ပြုံယမ်းမှာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

မြောက်ကိုးရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ ပြုံယမ်းမြို့မှာ ဒေသခံပြည်သူတွေနဲ့ စစ်သားတွေဟာ ကွယ်လွန်သူ နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းနဲ့ ကင်မ်ဂျုံအီလ်တို့ရဲ့ ကြေးရုပ်တုရှေ့ ခြေရင်းမှာ လွမ်းသူ့ပန်းတွေနဲ့ ဂါရဝပြု နေကြတာကို တွေ့မြင်ရပါတယ်။

ကင်မ်ဂျုံအီလ်ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က နှလုံးရောဂါကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ 

ဒီတပတ်အစောပိုင်းတုန်းက ကင်မ်ဂျုံအီရဲ့ သားဖြစ်သူ လက်ရှိမြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တွန်းကန်အားပြင်း လောင်စာခဲသုံး အင်ဂျင် စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ ပြီး ကျွမ်းကျင်သူတွေကတော့ ဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရွေ့လျားမှုကောင်းကောင်း ပစ်ခတ်နိုင်တော့မှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။

3 weeks Ago
Up