close

ပြေကန်ရွာ

close

July 1, 2021

ပြေကန်ရွာက နေအိမ်များကို စစ်တပ်နှင့်ပျူစောထီးက ရှာဖွေဖျက်ဆီး၊ ရွာသား ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေနဲ့ပေါင်းပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြေကန်‌ကျေးရွာကို ဇွန် ၃၀ ရက်နေ့ည ၁၁ နာရီလောက် ဝင်ရောက်လာပြီး နေအိမ်တွေမှာ ရှာဖွေဖျက်ဆီးကာ ကျေးရွာသား ၁ ဦးအား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာကို ဒီကောင်တွေ ဝင်လာကတည်းက သေနတ်တွေ အချက် ၃၀၊ ၄၀ လောက်ဖောက်ပြီးဝင်လာတယ်။ အချိန်က ည ၁၁ နာရီလောက်ထင်တယ်ဗျ။ ရွာထဲက အိမ်တိုင်းအိမ်တိုင်းတော့မွှေတယ်၊ အထူးသဖြင့်တော့ NLD ကို ထောက်ခံတဲ့ ရွာသားတွေအိမ်တွေ ပိုပြီး‌တော့ကို ရှာတယ်၊ ဖျက်ဆီးသွားတယ်။ နောက်တော့ ရွာသားတစ်ဦးကိုလည်း ရိုက်နက်ဖမ်းစီးခေါ်ဆောင်သွာတယ်ဗျ။ ရွာထဲကလူတွေကတော့ သူတိုဝင်မွှေကတည်းက လွတ်ရာကိုထွက်ပြေးနေကြတယ်။ ရွာခံပျူစောထီးတပ်ကကောင်တွေက သူတို့နဲ့မတည်တဲ့သူတွေဆိုရင် တပ်ခေါ်ပြီး အဖမ်းခိုင်းတာ။” လို့ ပြောပါတယ်။

အခုစစ်တပ်က ဖျက်ဆီးတဲ့ ပြေကန်ကျေးရွာဟာ NLD ပါတီကို အမာခံထောက်ခံတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

အဲလို NLD ကို ထောက်ခံတဲ့ ကျေးရွာတိုင်းလိုလို အာဏာသိမ်းစစ်ကောက်စီတပ်တွေက ဖျက်ဆီးတာတွေ အကြိမ်ကြိမ်ပြုလုပ်လေ့ရှိတယ်လို မင်းကင်းဒေသခံတွေက ပြောပါတယ်။

5 mins Ago
Up