close

ပြောက်ကျားတပ်ပေါင်းစု

close

August 20, 2021

စစ်ကောင်စီ၏ နေရာ ၇၀ ခန့်ကို ဖောက်ခွဲခဲ့ဟု မြစ်ဝကျွန်းပေါ် ပြောက်ကျားတပ်ပေါင်းစု ကြေညာ

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာ ၇၀ နီးပါးကို မေလပိုင်းကစတင်ကာ ဗုံးဖောက်ခွဲခဲ့တယ်လို့ မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစု DGWCF (Delta Guerrilla Warfare Collective Forces)က သြဂုတ် ၂၀ ရက်နေ့မှာ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ထောက်တိုင်တွေဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ အားပေးထောက်ခံသူတွေရဲ့ နေအိမ်၊ ဆိုင်နဲ့ စက်ရုံတွေအပါဝင် နေရာ ၆၇ နေရာကို ဗုံးခွဲခဲ့တယ်လို့ DGWCF အဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

“စစ်ကောင်စီထောက်တိုင် ရုံးတွေကို အဓိကထားလုပ်ပါတယ်၊ ဒုတိယကတော့ အားပေးထောက်ခံပြီး ဒလန်လုပ်သူတွေရဲ့ နေအိမ်နဲ့ ဆိုင်တွေမှာ ဖောက်ခွဲခဲ့ပါတယ် အားလုံးဆို ၇၀ နီးပါးရှိပါပြီ''လို့ ပြောပါတယ်။

အများဆုံးဖောက်ခွဲခဲ့တဲ့ မြို့နယ်တွေကတော့ ပုသိမ်၊ ငါးသိုင်းချောင်းနဲ့ ဖျာပုံမြို့တွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်တိုင် ရုံးတွေကို ဗုံးခွဲခဲ့သလို သြဂုတ် တတိယပတ်လောက်က စတင်ကာ စစ်ကောင်စီအမာခံသတင်းပေးတွေဖြစ်တဲ့ အသုတ်မြို့က အမျိုးသား ၁ ဦးနဲ့ ဖျာပုံမြို့က အမျိုးသား ၁ ဦးကို သေနတ်နဲ့အနီးကပ်ရှင်းလင်းခဲ့တယ်လို့လည်း DGWCF က ပြောပါတယ်။

11 mins Ago
Up