ရန်ကုန်မြို့တနေရာမှာ ဧပြီ ၂၅ ရက်က "Freedom Is Non-negotiable" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တခု ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို အထက ၆ အလုံ၊ အထက ၄ အလုံ၊ အထက ၃ သာကေတ၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ အထက ၁ လသာ၊ အထက ၂ ရန်ကင်း၊ ပန်ကိုယ်ပိုင် အထက်တန်းကျောင်း (ပဲခူး) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။
ရန်ကုန်လူငယ်တွေစုပေါင်းပြီး "သွေးစွန်းပညာရေးအားမပေး အဆုံးထိတော်လှန်ပေး"လို့ အမည်ပေးထားတဲ့ ပြောက်ကျားသပိတ်ကို နိုဝင်ဘာလ ၁၀ရက် ညနေ ၅ နာရီခွဲလောက်က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကပြန်လည်ဖွင့်လှစ်နေတဲ့ ကျောင်းများကို မတက်ကြဖို့တိုက်တွန်းနှိုးဆော်တဲ့ စာတန်းတွေကိုင်ဆောင်ပြီး "ကျောင်းဝရောက်ရင်ပြောင်းဝရောက်မယ်” လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။