close

ပြွန်တန်ဆာ

close

March 17, 2022

ပြွန်တန်ဆာမြို့ ပင်းတလဲကွေ့အနီး ဆီဘောက်ဆာယာဉ်တစီး မီးလောင်၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၃ ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၇၆/၆ အနီးမှာ ဆီဘောက်ဆာယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦးနဲ့ ခရိုင်မီးသတ်တပ်ဖွဲ့တွေက မီးသတ်ယာဉ်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆီဘောက်ဆာယာဉ် မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

3 mins Ago

March 25, 2020

ပြွန်တန်ဆာ တိုက်နယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးကို စောင့်ကြည့်ကုသပေးနေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ တိုက်နယ်ဆေးရုံမှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးကို မတ် ၂၄ ရက်​နေ့က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်​ စောင့်​ကြည့်ကုသပေးနေတယ်လို့ တိုက်နယ်ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ ပြွန်တန်ဆာမြို့ ချောင်းရင်ကျေးရွာအုပ်စု ကညင်နှစ်ပင်ကျေးရွာက အမျိုးသား ၁ ဦးနဲ့ လှည်းဆိပ်ကျေးရွာအုပ်စု ကဒါး-သဲ​​ကျော ကျေးရွာက အမျိုးသား ၁ ဦးတို့ကို သံသယလူနာအဖြစ်​ စောင့်​ကြည့်ကုသပေးနေတာပါ။ ကညင်နှစ်ပင်ကျေးရွာက ၁၈ နှစ်အရွယ် အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၂ ရက်က ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ဖျားပြီး ၄ ရက်အကြာမှာ ဆေးရုံရောက်လာတာလို့ ဆိုပါတယ်။ ကဒါး-သဲ​​​ကျောမှာ နေထိုင်သူ ၃၃ နှစ်အရွယ် အမျိုးသားကတော့ ထိုင်းနိုင်ငံကနေ မတ် ၂၃ ရက်က ပြန်လာတာဖြစ်ပြီ မတ် ၂၄ ရက် ရွာပြန်ရောက်ပြီး ချောင်းဆိုးပြီး အဖျား ၁၀၁ နဲ့ ညနေပိုင်း ​ဆေးရုံကို ​ရောက်ရှိလာခဲ့တာလို့ ​ပြွန်တန်ဆာ​မြို့ တိုက်နယ်ဆရာဝန် ဒေါက်တာကျော်​စောဝင်းမောင်က ဒီဗွီဘီကို​​ ပြောပါတယ်။ နှစ်ယောက်လုံးကို ဆေးရုံမှာ စစ်လို့ရသမျှ အကုန်စစ်ဆေးပေးနေပြီး တ​​ခြားလူနာ​တွေနဲ့ ခွဲ​ကာ သံဃာဆောင်အခန်းမှာ ထားကာ ကုသ​ပေးနေတယ်လို့ ဆိုပါတယ်။ “ပထမတယောက်က အခုအချိန်ထိတော့ ကောင်းတယ်၊​​ စောင့်ကြည့်သံသယလူနာ​ပေါ့။ ခရီးသွား historyနဲ့ အဖျားရှိတယ်၊ ချောင်းဆိုးတယ်ဆိုတော့ ကျနော့်ဆီရောက်​တော့ အဖျားက မရှိဘူး၊ ပထမတယောက်နဲ့ နောက်တယောက် ကေ့စ်ချင်းကမတူဘူး ဖြစ်နေတယ်၊။ နောက်တ​ယောက်က လတ်တလော အပူ ၁၀၁ နဲ့ ဖျားလည်း ဖျားတယ်၊ ချောင်းလည်းဆိုးတယ်၊ ယှဉ်ရရင်တော့ ဒုတိယလူနာက ပိုပြီးသံသယ level ပို​မြင့်တဲ့သ​ဘော။” သံသယလူနာနှစ်ဦးနဲ့ပတ်သက်ပြီ ဓာတ်ခွဲစမ်းသပ်မှု​တွေ ပြုလုပ်သွားမှာဖြစ်ပြီး ​ညောင်​လေးပင်​​မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ တွေ့ရှိတာဟာ ပထမအကြိမ် စတင်တွေ့ရှိတာပါ။ ဒီနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။  တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၂၂၆၁၃ ယောက်၊ သေဆုံးသူ ၁၈၈၉၁ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၀၈၈၇၉ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။  နေလင်းထိုက်
2 years Ago
Up