close

ပွင့်ဖြူပြည်သူ ၃ ဦး

close

June 25, 2021

ပွင့်ဖြူပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်က ကျေးရွာတွေမှာ ဇွန် ၂၄ ရက်ညပိုင်းနဲ့ ၂၅ ရက် မနက်ပိုင်းတွေမှာ ဒေသခံပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်လုပ်တယ်ဆိုပြီး ဒလန်သတင်းပေးတွေ တိုင်ကြားတာကြောင့် ည ၁၀ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး ရှောက်တောကျေးရွာက အိုအေစစ် ထမင်းဆိုင်ပိုင်ရှင် ဦးစိုးရွှေနဲ့  စက်တန်းရပ်ကွက်က အဲဗားစမိုင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးဟန်သိန်းတို့ကို ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ပံနွယ်အုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာက ကိုဇော်မိုးအောင်ကိုလည်း မနက် ၂ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ဖမ်းဆီးသွားပြီး ရွှေဘိုရွာမကျေးရွာစာသင်ကျောင်း အနီးမှာလည်း သေနတ်တွေ ပစ်ဖောက်သွားတယ်လို့ ဆိုပါတယ်။

9 mins Ago
Up