close

ပွဲကြည့်လက်မှတ်

close

December 14, 2022

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က ပရိသတ်များအတွက် ပွဲကြည့်လက်မှတ် ၁၃၀၀၀ အခမဲ့ဖြန့်ဝေ

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ပြင်သစ်နဲ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပွဲကြည့်လက်မှတ် ၁၃၀၀၀ အခမဲ့ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

ကာတာနိုင်ငံမှာရှိတဲ့ မော်ရိုကိုသံရုံးရဲ့ စီစဉ်ပေးမှုနဲ့ မော်ရိုကိုအသင်း အားပေးသူတွေအတွက် လက်မှတ်တွေ အခမဲ့ဖြန့်ဝေခဲ့တာပါ။

လက်ရှိ ချန်ပီယံ ပြင်သစ်နဲ့ မော်ရိုကိုအသင်းတို့ရဲ့ ပွဲစဉ်ကို ပရိသတ် ၇၀,၀၀၀ နီးပါးဝင်ဆံ့တဲ့  Al Bayt ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ဒါ့အပြင် မော်ရိုကို တော်ဝင်လေကြောင်းလိုင်းကနေ လေယာဉ် ၃၀ နဲ့ ပရိသတ်တွေကို ကာတာနိုင်ငံဆီ ပို့ဆောင်ပေးခဲ့ပြီး ထပ်တိုးလေယာဉ် ၇ စင်းလည်း ပျံသန်းပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

မော်ရိုကိုအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ နာမည်ကြီး ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။

ဒါဟာ အာဖရိကအသင်းတသင်းအနေနဲ့ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်ခဲ့တာဖြစ်သလို မော်ရိုကိုအတွက်လည်း သမိုင်းဝင်အောင်မြင်မှုတခု ဖြစ်ခဲ့ပါတယ်။

1 min Ago
Up