မန်ယူနောက်ခံလူ မက်ဂွဲယားဟာ လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ဆက်လက်ပွဲထွက်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့လိုအပ်တယ်ဆိုတာ နားလည်လက်ခံထား တယ်လို့သိရပါတယ်။
မက်ဂွဲယားဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး နည်းပြ ဆောက်ဂိတ်က ရွေးချယ်ခဲ့ပေမဲ့ လာမဲ့ ယူရို၂၀၂၄ ပြိုင်ပွဲအတွက်တော့ သူ့ကို ဆက်ပြီးရွေးချယ်ဖို့ အားမခံချက်ပေးမထားပါဘူး။
မက်ဂွဲယားကိုယ်တိုင်ကလည်း အဲဒီအခြေအနေကို သဘောပေါက် နားလည်ထားပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းဆီပြောင်းရွှေ့ဖို့စဉ်းစားထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မက်ဂွဲယားကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဝက်စ်ဟမ်း၊ အင်တာမီလန်နဲ့ ရိုးမားအသင်းတွေက ကမ်းလှမ်းခဲ့ဖူးပါတယ်။ မန်ယူအသင်းက လက်မခံခဲ့တာကြောင့် ဇန်နဝါရီမှာ အပြောင်းအရွှေ့မဖြစ်ခဲ့ပေမဲ့ လာမယ့်နွေရာသီမှာတော့ ထွက်ခွါခွင့်ပြုဖို့ရှိပါတယ်။
မက်ဂွဲယားဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး လာမယ့် နွေရာသီမှာရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးပိုမိုရရှိဖို့ မန်ယူအသင်းက မျှော်လင့်ထားပါတယ်။
မန်ယူအသင်းမှာ ပွဲထွက်ကစားခွင့်အတွက် စိတ်ရှည်သည်းခံဖို့ စီရော်နယ်ဒိုကို ဝိန်းရွန်းနီက တိုက်တွန်းလိုက်ပါတယ်။
အင်္ဂလန်နဲ့ မန်ယူဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီဟာ မနှစ်က ဒါဘီအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။
အသင်းဟောင်းရဲ့ပွဲစဉ်တွေကို စောင့်ကြည့်နေဆဲဖြစ်တဲ့ရွန်းနီဟာ အသင်းဖော်ဟောင်း ရော်နယ်ဒို ပွဲထွက်ခွင့်ပျောက်ဆုံး နေတာကိုလည်း သိမြင်ပါတယ်။
“ခရစ္စတီယာနိုဟာ သူ့အသက် ၂၂ နှစ် ၂၃ နှစ်တုန်းကအရွယ်မဟုတ်တော့ပါဘူး။ ဒါက သူ့ဘာသူ လည်းသိပြီး လက်ခံနိုင်ဖို့ ခက်ခဲမှာပါ။ အရန်ခုံမှာထိုင်နေရတာကလည်း အလွန်ခက်ခဲလိမ့်မယ်။ သူ့အနေနဲ့ စိတ်ရှည်သည်းခံနိုင်မယ်ဆိုရင်တော့ ပွဲထွက်ခွင့်ပြန်ရလာမှာပါ”လို့ ဝိန်းရွန်းနီက ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ အခမ်းနားအကြီးကျယ်ဆုံး ကစားသမားဖြစ်ပြီး အချိန် တွေ ရွှေ့လျားလာတာနဲ့အတူ သူတို့ရဲ့ နေဝင်ချိန်တွေကို ရောက်ရှိလာမှာက အမှန်တရားတခု ဖြစ်ကြောင်းလည်း ဝိန်းရွန်းနီက အသိပေးသွားခဲ့ပါတယ်။