မန်စီးတီးနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို အင်္ဂလန်အက်ဖ်အေဟာ တပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၃၀,၀၀၀ ချမှတ်ခဲ့ပါတယ်။
ကလော့ပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၆ ရက်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလာကို ပြစ်ဒဏ်ဘော ကျူးလွန်ခံရမှုအပေါ် သတ်မှတ်ပေးခြင်းမရှိလို့ ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒတက်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် ဒေါသတကြီးတုံပြန်ခဲ့တဲ့ ကလော့ပ်ကို ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့တာပါ။
ပြစ်ဒဏ်အပေါ် လီဗာပူးဘက်က အယူခံတင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တပွဲပယ်နဲ့ ဒဏ်ကြေး ၃၀,၀၀၀ ချမှတ်လိုက်တာပါ။
ဒါကြောင့် ကလော့ပ်ဟာ စနေနေ့မှာကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရမှာမဟုတ်ဘဲ ပွဲပယ်ပြစ်ဒဏ်ကို ခံယူသွားရမှာဖြစ်ပါတယ်။