မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ်ကစားပေးဖို့မစောင့်နိုင်တော့ကြောင်း ကစားသမားသစ်အဲရစ် ဆင်ကပြောပါတယ်။
အသက် ၃ဝ နှစ်ရှိအဲရစ်ဆင်ဟာ မနှစ်က ဘရန့်ဖို့ဒ်အသင်းမှာ ရာသီဝက်စာချုပ်နဲ့ ကစားခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။
မန်ယူအသင်းက အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေးမပေးရဘဲ အလွတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသင်းနဲ့အတူစာချုပ်ချုပ်ဆိုအပြီးမှာတော့ မန်ယူအသင်းက ထူးခြားတဲ့အသင်းတစ်သင်းဖြစ်ပြီး ပွဲဦးထွက်စတင်ကစားဖို့ မစောင့်နိုင်တော့ ကြောင်း၊ အိုးထရတ်ဖို့ဒ်မှာ ပွဲပေါင်းများစွာ လာရောက်ကစားခဲ့ဖူးပေမယ့် အနီရောင်ဂျာစီနဲ့ ဝတ်ဆင် ကစားရမယ့်အခြေအနေက အံ့အားသင့်စရာခံစားချက်ဖြစ်ကြောင်း အဲရစ်ဆင်ကပြောပါတယ်။
နည်းပြန်ဖြစ်တဲ့ အဲရစ်တန်ဟတ်ဂ်ကို အိုင်းယက်စ်မှာကတည်းကသိပြီး နှစ်သက်စရာကောင်းတဲ့နည်းပြဖြစ် ကြောင်းလည်း အဲရစ်ဆင်က ချီးကျူးပါတယ်။
ဒိန်း မတ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပွဲကစားနေရင်းနှလုံးဖောက်ပြီး လဲကျခဲ့လို့ အရေးပေါ် ဆေးကုသမှုခံရခဲ့ရသူပါ။ အဲဒီနောက်မှာ ဘောလုံးပြန်ကစားလာနိုင်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ် အသင်းနဲ့ ဒိန်းမတ်အသင်းတွေမှာပါဝင်က စားခဲ့ပြီးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။