close

ဖဒိုနယ်မြေရဲစခန်း

close

May 22, 2021

ပဲခူးတိုင်း ဖဒိုနယ်မြေရဲစခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲ

ပဲခူးတိုင်း ဖဒိုနယ်မြေ ရဲစခန်းမှာ မေလ ၂၁ ရက် ည ၉ နာရီလောက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုမှာ ဖဒိုနယ်မြေ ရဲစခန်း ဂါတ်စာရေး ကျော်ဇေယျာမြင့်ရဲ့ ခြေထောက်နဲ့ မျက်နှာဒဏ်ရာရသွားပြီး ဖဒိုဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံနေပါတယ်။

အခု ဒဏ်ရာရသူ ဂါတ်စာရေး ကျော်ဇေယျာမြင့်ဟာ အာဏာသိမ်းပြီးကတည်းက ဖဒိုနယ်မြေမှာ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ အ​မြဲပြုလုပ်ခဲ့ပြီး ဆန္ဒပြပြည်သူကို ပစ်ခတ်ခဲ့တဲ့နေ့က ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့ ဖဒိုမြို့ ဆန္ဒပြပွဲတုန်းက ဖဒိုရဲစခန်းက ပစ်ခတ်လို့ ဆန္ဒပြသူ ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ကြရပါတယ်။

ပစ်ခတ်မှုအပြီး တပတ်အကြာတုန်းကလည်း ရဲတပ်သားတစ်ဦးကို မြို့ခံပြည်သူအချို့က ဓားနဲ့ ထိုးသတ်ခဲ့ပါသေးတယ်။

5 mins Ago
Up