မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက CDM ပညာရေးဝန်ထမ်း တစ်ယောက်အပါဝင် ဒေသခံ ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် ကန်နီကျေးရွာမှာ နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်က CDM ပညာရေးဝန်ထမ်း ဦးကျော်ခိုင်ဝင်းနဲ့ ဒေသခံ ၃ ယောက်ကို စစ်တပ်က အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးသွားသူတွေထဲက CDM ကျောင်းဆရာ ကိုကျော်ခိုင်ဝင်းနဲ့ ဒေသခံ ကိုသန်းဇော်တို ၂ ယောက်ရဲ့ ဖုန်းစစ်ဆေးရာမှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အချက်လက်တွေ တွေ့တာကြောင့် မြိုင်ရဲစခန်းကိုခေါ်သွားပြီး ကိုလှိုင်ဝင်းနဲ့ ကိုကျော်စိုးအောင်တို့ နှစ်ယောက်ကိုတော့ ကျေးရွာစာသင်ကျောင်းမှာ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
အဲဒီကျေးရွာမှာ ပျူစောထီးအင်အားတွေ များပြားပြီး ကျေးရွာစာသင်ကျောင်းမှာလည်း စစ်ကောင်စီက တပ်စွဲထားကာ သတင်ပေးဒလန်တွေကြောင့် အဖမ်းခံရတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်ဟာ စစ်တပ်အာဏာစသိမ်းပြီးကတည်းက ဒီနေ့အချိန်ထိ တော်လှန်ရေးသပိတ် အင်အားကောင်းသလို PDF တပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
မန္တလေးမြို့ လမ်း ၃၀ ၊ ၇၁ လမ်းနဲ့ လမ်း ၇၀ ကြားရှိ Golden City Crown Hotel မှာ လောင်းကစားဝိုင်းကို သက်ဆိုင်ရာက စက်တင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒီလို ဝင်ရောက်ဖမ်းဆီးရာမှာ ဖဲရိုက် လောင်းကစားလုပ်နေတဲ့ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၉ ယောက်နဲ့ ငွေကျပ် ၂၁၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။
ဟိုတယ်ထဲက အခန်းတခန်းမှာ လောင်းကစားဝိုင်းလုပ်နေတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ဟိုတယ်မန်နေဂျာလည်း ပါဝင်ပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးရမိသူတွေကို လောင်ကစားဥပဒေနဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။