close

ဖမ်ဆီး

close

August 5, 2021

ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ကိုဗစ်ကာကွယ်ဆေးသွားထိုးစဉ် ဖမ်းဆီးခံရ

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် လမ်း ၅၀ မှာနေတဲ့  ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်ကို ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံချိန်မှာ စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။

ဩဂုတ် ၅ ရက် ဒီနေ့ ကာကွယ်ဆေးသွားထိုးချိန် သူတို့ ခေါ်ထားပြီး သူနဲ့ပါသွားတဲ့ ကလေးကိုတော့ ပြန်လွှတ်လိုက်တယ်ကြားတယ်လို့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေအသိုင်းအဝိုင်းက ပြောပါတယ်။

ဦးကျော်အောင်ကို အရင်ကတည်းက  စစ်တပ်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးသွားရောက်ထိုးချိန်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက ရပ်ကွက်တွင်း လှည့်လည်ပြီး ကာကွယ်ဆေး လာ ရောက်ထိုးနှံကြဖို့ နေ့စဉ်လိုက်လံဆော်သြနေပြီး အသက်အရွယ်ကြီးသူတွေပဲ အများဆုံး သွားရောက်ထိုးနှံကြတာဖြစ်ပါတယ်။

ကိုဗစ်- ၁၉ ကာကွယ်ဆေး သွားထိုးရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဦးကျော်အောင်ဟာ ကျန်းမာရေး မကောင်းတဲ့အခြေအနေဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားမိသားစုတွေကို လူမှုရေးနဲ့ ပညာရေး  ကူညီစောင့်ရှောက် ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

11 mins Ago
Up