စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ပြည့်မြောက်လာချိန် ဆိုးရွားလာတဲ့ မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေအနေအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့အတူ မတရားဖမ်းဆီးထိန်းသိမ်းခံသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် အခြေခံလွတ်လပ်မှုတွေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထပ်ဖန်တလဲလဲ ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်း မကြာသေးခင်က အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူဦးရေ ပိုမိုများပြားလာတဲ့အပေါ် လုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရNUG)က ပြည်သူ့ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲကြဖို့ နှိုးဆော်ထားပြီးနောက်မှာ နိုင်ငံတဝန်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည် သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လာမယ့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ အထွေ ထွေရွေးကောက်ပွဲအသစ် ကျင်းပဖို့ စီစဉ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်လာတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ ပြောထား ပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၂၇ ရက်နေ့က စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့သူတွေကို ဧပြီ ၂ ရက်နေ့ထိ မိသားစုဝင်တွေက တွေ့ခွင့်မရှိသေးဘူးလို့ ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပြီး ထမင်းပဲပို့ခွင့်ရှိတယ်လို့လည်း သိရပါတယ်။
မတ်လ ၂၇ ရက်က မိုးကုတ်မြို့အနောက်ပိုင်းသပိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေကသွားရောက်တောင်းဆိုရာမှာ ရဲကပစ်ခတ် တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မိုးကုတ်မှာ မတ်လ ၂၇ ရက်နေ့က ဒဏ်ရာရပြည်သူ ၄၅ ယောက်ရှိခဲ့ကာ သေဆုံးသူ ၁၁ ယောက် ရှိခဲ့ပါတယ်။