ရုရှားတပ်တွေ ယူကရိန်းထဲ ဝင်ရောက်ကျူးကျော်မှုကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့မှာ မနေ့က လူထောင်သောင်းချီ ဆန့်ကျင်ကန့်ကွက်ရာ ဆန္ဒပြသူ ၂၃၅ ဦး အဖမ်းခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား စတင်ကျူးကျော် တိုက်ခိုက်ကတည်းကဆိုရင် ရုရှားမှာ စစ်ပွဲ ဆန့်ကျင်မှုအတွက် ဖမ်းဆီးခံရသူ ၈,၀၀၀ ကျော်ရှိပြီလို့ OVD-Info human rights group က ပြောပါတယ်။
လူစုလူဝေးနဲ့ ဆန္ဒပြမှုကြောင့် ထိန်းသိမ်းခံရသူတွေ ရှိသလို ကန့်သတ်ထားတဲ့ လူမှုမီဒီယာကွန်ရက်တွေကို VPN နဲ့ ကျော်လွှားပြီး ပူတင်ကို အပြစ်တင် ရေးသားခဲ့မှုကြောင့် အဖမ်းခံရသူတွေလည်း အများအပြား ရှိနေတာပါ။
ဖိနှိပ်မှုကြောင့် ရုရှားတနိုင်ငံလုံး အနေနဲ့ စစ်ပွဲဆန့်ကျင်ရေး မထုတ်ဖော်ရဲသေးပေမဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်ဆန့်ကျင်ရေးကို ရေးသားနေကြသလို Telegram နဲ့ Signal တို့ကို အသုံးပြုပြီး ပူတင်ဆန့်ကျင်ရေး မက်ဆေ့ချ်တွေ ပို့ကြ၊ ပြောနေကြပါတယ်။