close

ဖမ်းဆီးခံလူငယ်

close

April 5, 2022

ပလက်ဝမြို့ပေါ်က ဖမ်းဆီးခံလူငယ် ၄ ဦးကို ထောင်ဒဏ်ချ

စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်က  လူငယ် ၄ ဦးကို ဧပြီ ၅ ရက်မှာ မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။  

၂၀၂၁ ခုနှစ်၊ မေ ၂၈  ရက် မနက်ပိုင်းက ပလက်ဝမြို့ပေါ်က နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ 

သူတို့ ၄ ဦးကို မြို့ပေါ် ရဲစခန်းအချုပ်ထဲမှာ ၁၀ လကျော်ထားရှိပြီး မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ခိုင်လုံတဲ့သက်သေ အထောက်အထား မရှိပေမဲ့ ပုဒ်မ ၁၇-၁ ၊၅၀၅-က  စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ မိသားစုဝင်တွေက ဆိုပါတယ်။ 

ဖမ်းခံရတဲ့သူတွေဟာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်တဲ့သူတွေ မဟုတ်ဘဲ မင်းတပ် စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံကူညီတာတွေ ရှိတယ်လို့သာ ဒေသခံတွေက ပြောပါတယ်။  

6 mins Ago

August 5, 2021

ရေးမြို့၌ ဆန္ဒပြခဲ့စဉ် ဖမ်းဆီးခံရသည့် လူငယ် ၁ ဦးအကျဉ်းထောင်တွင် သေဆုံး

မွန်ပြည်နယ်  ရေးမြို့မှာ စစ်ကောင်စီ ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ပြီး  ဖမ်းဆီးခံရတဲ့ လူငယ် ၁၇ ဦးထဲက လူငယ် ၁ ဦး ကျိုက်မရော အကျဉ်းထောင်မှာ သြဂုတ် ၄ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းမှ မိဘများထံအကြောင်း ကြားခဲ့ပါတယ်။ 

သေဆုံးသူဟာ မောင်ပြေသိန်း အသက် ၂၉ နှစ်ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရှိရသေးသလို မိဘတွေမှာလည်း တွေ့ခွင့်မရသေးဘူးလို့လည်း မိဘဆွေမျိုးနဲ့နီးစပ်တဲ့သူက ပြောပါတယ်။

မောင်ပြေသိန်းအပါအဝင် လူငယ် ၁၇ ဦးဟာ ရေးမြို့မှာ ဆန္ုပြနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကျိုက်မရောထောင်သို့ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီထဲက  အသက်မပြည့်သူတစ်ဦးကတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံခဲ့ရတာပါ။

 ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရတဲ့သူ အနည်းဆုံး ၃၀ ဦးခန့်ရှိပြီး ၅၀၅-ကနဲ့ အရေးယူခဲ့သလို မတရားဖမ်းဆီးခံခဲ့ရတဲ့သူတွေလည်း ဒီနေ့အထိ ပြန်မလွှတ်ပေးတဲ့သူတွေလည်း ရှိနေပါတယ်။

8 months Ago
Up