close

ဖမ်းဆီးခံ ဗကသကျောင်းသူ

close

November 30, 2021

စစ်ကြောရေး၌ခြေထောက်ကျိုးသွားသည့် ဖမ်းဆီးခံ ဗကသကျောင်းသူဟောင်း ဆေးရုံတက်ခွင့်မရ

မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း မသဲစုနိုင်ဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ် စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ကြောင့် ခြေထောက်ကျိုးနေပေမဲ့ ဆေးရုံတက် ဆေးကုသခွင့် မရဘူးလို့ သိရပါတယ်။

CDM ဆရာမဖြစ်တဲ့ မသဲစုနိုင်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်က စစ်ကြောရေးမှာ ခြေထောက်ကျိုးသွားပေမဲ့  လက်ရှိအချိန်ထိ တပ်မ ၉၉ က စစ်ကြောရေးမှာပဲ ရှိနေတယ်လို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားတာပါ။

သူ့ကို နိုဝင်ဘာ ၂၂ ရက်က မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက် ၁၃ က နေအိမ်မှာ PDF ခေါင်းဆောင်လို့ စွပ်စွဲပြီး သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့တာပါ။

ခုထိ ဆေးကုခွင့် မပေးဘဲ ပတ်တီးစီးပေးထားတယ်လို့ သိရတာကြောင့် အထူးစိုးရိမ်ရတယ်လို့လည်း ကျောင်းသားများ သမဂ္ဂက ဆိုပါတယ်။

58 seconds Ago
Up