close

ဖမ်းဆီးစစ်ဆေးမှု

close

July 21, 2021

ကုန်းသာရွာတွင် စစ်‌ကောင်စီကတပ်စွဲပြီး ဖမ်းဆီးစစ်ဆေးမှုများကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေး

ကနီမြို့နယ် ယင်းအုပ်စု ကုန်းသာရွာမှာ စစ်‌ကောင်စီတပ်တွေ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက လာရောက် တပ်စွဲပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတာကြောင့် ဒေသခံပြည်သူ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကုန်သားကျေးရွာသားတစ်ဦးက “ကျနော်တို့ ဒီကောင်တွေကို မယုံရဲတော့ဘူးဗျ။ အရင် ဇူလိုင် ၈ ရက်နေ့က‌နေ ၁၂ ရက်နေ့ထိ ကျနော်တို့ ယင်းအုပ်စုကို ဒီကောင်တွေ တောနင်းရှာဖွေပြီး ကျနော်တို့ဆွေမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကောင်တွေဗျ။ ဘာလုပ်လုပ် မလုပ်လုပ် သတ်ဖြတ်မယ့်ကောင်တွေ အယုံအကြည်ကို မရှိဘူး” လို့ ပြောပါတယ်။

ကုန်းသာကျေးရွာမှာ တပ်စွဲနေတဲ့တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီယင်းအုပ်စုထဲက အပြစ်မဲ့ပြည်သူ ၁၇ ဦးကို တောနင်းရှာဖွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ တပ်မ ၄၄ က ခလရ ၂ တပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၀ ရက်‌‌နေ့ ညနေပိုင်းက ကုန်သာ‌ကျေးရွာအတွင်း စတင်တပ်စွဲပြီး ဒေသခံအများအပြားကို ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ယင်းနဲ့ ကုန်းသာ ကျေးရွာတွေက လူဦးရေ ၆၀၀ ကျော် ထွက်ပြေးနေကြရတာလို့ ဒေသခံတဦးက ပြောပါတယ်။

ကနီမြို့နယ်အတွင်း အခုရက်ပိုင်း မိုးရွာသွန်းနေတာကြောင့်  စစ်ဘေးရှောင်ပြည်သူတွေ အမိုးအကာ မရှိဘဲ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

12 mins Ago
Up