close

ဖမ်းဆီး ကာပေါင်းကျကျေးရွာ

close

May 30, 2021

တန့်ဆည်၊ ကာပေါင်းကျကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်စီးပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား ၆ စီးနဲ့ အကြမ်းဖက်ဝင်ရောက်စီးနင်းလို့ ရွာလုံးကျွတ်ထွက်ပြေးနေရပြီး ရွာသား ၃ ဦးဖမ်းဆီးခံရပါတယ်။

ရွာထဲကို ဝင်ရောက်စီးနင်းတာ ဒါနဲ့ဆို  ၆ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ဒီတစ်ခေါက်ဝင်ရောက်စီးနင်းတာ ရွာထဲကလူတွေ မတွေ့လို့ တောထဲအထိ ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့က အသက်ငယ်တော့ သွားနိုင်လာနိုင်ပေမယ့် အသက်ကြီးတဲ့သူတွေ အရမ်းကို ဒုက္ခရောက်တယ်၊ ချက်ချင်းပြေးရတာမို့၊ ဘာမှယူချိန်မရဘူး။အရင်တုန်းကလည်း တစ်ရက်ကျော်  ရွာကိုတပ်စွဲပြီးပြီး  အခုကရွာထဲမှာ မနေရဲတော့ တောထဲပြေးနေရတယ်”။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာတော့   အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

28 mins Ago
Up