close

ဖမ်းဆီး

close

May 8, 2023

ထိုင်းတွင် ဘတ်သန်း ၂၀၀ အလွဲသုံးစားလုပ်မှုဖြင့် ဘုန်းကြီး ၁ ပါးနှင့် အပေါင်းပါ ၂ ဦးအား ဖမ်းဆီး

ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ပတ်ချောင့်မြို့နယ်ထဲမှာ နာမည်ကြီး တရားပြဆရာတော် ၁ ပါးနဲ့ အပေါင်းပါ ၂ ဦး ကျောင်းပိုင်ငွေ ဘတ်သန်းပေါင်း ၁၈၀ အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ပတ်ချောင့်မြို့နယ် ဝပ်ပါထမ္မခီရီ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်ရှိ တရားပြဆရာတော် ဖရဝချီရာယန်ကိုးဆွန် ခေါ် ဖရခုမ်း အဖိဝရော (၃၉ နှစ်)၊ ကျောင်းထိုင်ဆရာတော် ဖရမဟာဝုဒ်တီမား ခေါ် ဖရမော် (၃၈ နှစ်) တို့ဟာ သံဃာ့ဝိနည်းနဲ့ မညီညွတ်တဲ့ မေထုန်မှီဝဲမှု ပြုရုံသာမက ကျောင်းတိုက်ပိုင်ငွေစာရင်း ပွင့်လင်းမြင်သာမရှိ၊ ငွေစာရင်းခေါင်းစဉ်အတိုင်း မသုံးစွဲတဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ ကျောင်းပိုင်ငွေတွေကို အသုံးပြုမှုရှိနေကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနက တိုင်ကြားချက်ရထားတဲ့အတွက် မြို့နယ်ရဲစခန်းနဲ့ ပူးပေါင်းပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့ပါတယ်။

ခိုင်လုံတဲ့ အထောက်အထားရရှိတာနဲ့ တာဝန်ရှိသူတွေဟာ ဖရခုမ်းရဲ့ ညီမဖြစ်သူ နန်းဆောင်ကျူထားထိပ် (၃၅ နှစ်) ရဲ့ နေအိမ်ကို သွားရောက်စစ်ပြီး  သေတ္တာထဲထည့်ထားတဲ့ ငွေသား ဘတ် ၅၁ သန်းနဲ့ ကိုယ်ပိုင်ငွေစုဘဏ်စာရင်းထဲက ဘတ်သန်း‌ပေါင်း ၁၃၀ တို့ကို သိမ်းဆည်းခဲ့ပါတယ်။

အဲဒီနောက် ဖရခုမ်းကို လူဝတ်လဲပြီး ဖမ်းဆီးလိုက်သလို သူ့ညီမကိုလည်း ဖမ်းဆီးထားကြောင်း၊ ဖရမော် ဆိုသူကတော့ ဒီမတိုင်ခင် မေ ၃ ရက်နေ့ကတည်းက လူထွက်ထားပြီး သူ့ကို အရင်ဆုံးဖမ်းမိတာလို့ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ကျကဖုပ် ဖူရိဒေ့ချ်က ဒီကနေ့ မေ ၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မေ ၈ ရက် မနက်မှာပဲ ရဲတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေက ကျောင်းဝင်းထဲ လိုက်လံစစ်ဆေး ရာဖွေရာမှာ ပင်မကျောင်းတိုက်ရဲ့ အနောက်ဘက် တောင်ကုန်းပေါ်မှာ မြှုပ်နှံထားတဲ့ ရွှေချောင်းတွေနဲ့ ငွေသား ဘတ် ၁၉ သန်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဖရခုမ်းကတော့ ကျောင်းငွေတွေ အလွဲသုံးစားလုပ်တာ မဟုတ်ဘဲ အသုံးလိုတဲ့အခါ အဆင်ပြေအောင် ဘဏ်မှာမအပ်ဘဲ ငွေသားသိမ်းထားတာလို့ ပြောပါတယ်။

ဒါပေမဲ့ မြို့နယ်သာသနာရေးဦးစီးဌာနကတော့ ကျောင်းတိုက်အမည်နဲ့ဖွင့်ထားတဲ့ ဘဏ်စာရင်းစာအုပ် ၆ အုပ်ရှိပြီး ဖရခုမ်းက ရိုးသားမှုရှိရင် အဆိုပါ ဘဏ်စာအုပ် ၆ အုပ်ထဲ သိမ်းထားနိုင်ကြောင်း၊ ကျောင်းပိုင်အလှူငွေတွေကို သူ့ညီမဘဏ်စာအုပ်ထဲလွှဲဖို့ ဖရခုမ်း ကိုယ်တိုင်က ဖရမော်ကို ခိုင်းတဲ့အကြောင်း၊ ဖရခုမ်းဟာ ကျောင်းထဲက သံဃာ ၂ ပါးနဲ့လည်း အမျိုးသားချင်း မေထုန်မီဝဲတာရှိခဲ့ကြောင်း ဖရမော်က ဒီမတိုင်ခင်ကတည်းက ဝန်ခံထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ ၃ ယောက်လုံးကို ခရိုင်တရားရုံးအချုပ်ခန်းမှာ ထည့်ထားပြီး အာမခံပေးဖို့ ပိတ်ပင်ထားကြောင်း၊ အာမခံနဲ့ ပြန်လွှတ်လိုက်ရင် တရားခံတွေ ထွက်ပြေးသွားမှာ၊ ဒါမှမဟုတ် အရေးကြီးသက်သေတွေ ဖျောက်ပစ်မှာစိုးလို့ အာမခံမပေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါကျောင်းတိုက်ဟာ ဆိတ်ငြိမ်တဲ့ တောစပ်က ကမ္မဋ္ဌာန်းကျောင်းဖြစ်ပြီး ဖရခုမ်းကလည်း တရားပြကောင်းကြောင်း၊ အလှူရှင် ဒကာအများစုမှာ တခြားအရပ်ဒေသက သူဌေး သူကြွယ်တွေ၊ နာမည်ကြီး အနုပညာရှင်တွေပါ ပါကြောင်း၊ ဆရာတော်ဟာ အနီးနားကျေးရွာက ပြည်သူတွေကို အခါအားလျော်စွာ ဆန် ဆီ စတဲ့ စားစရာတွေ ပြန်လည်ထောက်ပံ့လေ့ရှိတာကြောင့် ဒီသတင်းကြားရတဲ့အပေါ် ရွာသားတွေ မယုံနိုင်ဘဲ လွန်စွာအံ့ဩနေကြတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

12 hours Ago

တေးရေးဆရာ စောပါဗလုနှင့် မိသားစုကို စစ်တပ် ဖမ်းဆီး

ရန်ကုန်မှာ နေထိုင်ပြီး မိတ္ထီလာမြို့ကို ရောက်နေတဲ့ တေးရေးဆရာ   စောပါဗလုနဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အခုအထိ အဆက်အသွယ် မရသေးဘူးလို့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

စောပါဗလုနဲ့အတူ ဇနီးဖြစ်သူ နော်ဖော်ဆဲနဲ့ မသန်စွမ်း သမီး ၁ ဦးအပါအဝင် ကလေး ၃ ဦးကို မေ ၁ ရက် မိတ္ထီလာမြို့ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆွေမျိုးတော်စပ်သူက  "မေလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ  အရပ်သားစီးတဲ့ကားနဲ့  လက်နက်ကိုင် အရပ်၀တ် ၁၀ ယောက်လောက်က   စောပါဗလုကို စစ်ဆေးမေးမြန်းစရာ ရှိတယ်လို့ဆိုပြီး ပထမလာခေါ်သွားတာ။ ပြီးတော့မှ သူ့မိန်းမနဲ့ သမီးလေး ၃ ယောက်ကို ထပ်လာခေါ်သွားတာ။ နောက်တနေ့ကျတော့ စောပါဗလုရဲ့ ဇနီး နော်ဖောဆဲက အရပ်၀တ် အစောင့်နှစ်ဦးနဲ့ အိမ်ပြန်ရောက်လာပြီး  လက်ကိုင်ဖုန်းတစ်လုံးနဲ့ ကလေးအ၀တ်အစားတွေ ကိုလာ ယူတယ်။ အိမ်က သူ့အမေက ခလေးတွေကောလို့ မေးတာတောင် မဖြေရဲဘူး။ ပြီးတော့ အဲ့ဒီအစောင့်တွေနဲ့ ပြန်ပါသွားတယ်"လို့ ဆိုပါတယ်။

အသက် ၄၀ ရှိ စောပါဗလုဟာ တေးရေးဆရာတစ်ဦးဖြစ်ပြီး အရင်က ရန်ကုန်မြို့မှာနေထိုင်ရင်း မိတ္ထီလာမြို့ကို  ကျန်းမာရေးမကောင်းတဲ့ ယောက္ခမ ၂ ဦးကို  ဆေးကုသပေးဖို့ ရောက်နေချိန်  ဖမ်းခံရတာ ဖြစ်ပါတယ်၊ 

ဖမ်းဆီးခံပြီးနောက်တရက်မှာ အဖွားဖြစ်သူက မိတ္ထီလာရဲစခန်းကို သွားရောက်စုံစမ်းရာ စခန်းမှူးက သူတို့ဆီမှာ မရှိကြောင်းနဲ့ သူတို့မသိကြောင်း ပြောကြားပြီး တပ်မ ၉၉ နဲ့ စရဖ က ခေါ်သွားတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တဖန် မေ ၅ ရက်မှာတော့ ခြေတဖက်ဖြတ်ထားတဲ့ အဘိုးဖြစ်သူက စရဖရုံးကို သွားရောက်မေးမြန်းခဲ့ပေမဲ့ ရုံးထဲ ဝင်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

21 hours Ago

April 28, 2023

အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ

စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။

အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။

အခုလိုမျိုး အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးတာ၊ အကယ်ဒမီပွဲ မတက်ရုံနဲ့ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ အနုပညာရှင်တွေကို အကြောက်တရား ရိုက်သွင်းတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “အနုပညာရှင်တွေ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကနေ နာကျင်ကြေကွဲမှုကိုပြတဲ့ အမည်းရောင်ပရိုဖိုင်တွေ ချိန်းတဲ့အခါမှာလည်း ဖမ်းဆီးတယ်။ ဖမ်းဆီးဖို့လည်း လှုံ့ဆော်ကြတယ်။ ပြည်သူတွေကိုလည်း သူတို့ မရတော့တဲ့နောက်ဆုံး အကြောက်တရားနဲ့ ဖိနှိပ်ကြတယ်။ ဒီအကယ်ဒမီပေးပွဲမှာလည်း ဒီလိုပါပဲ။ အနုပညာရှင်တွေကို လာရင်လာ၊ မလာရင် ဖမ်းဆီးမယ်။ ဒီထဲမှ ခံဝန်ထိုးထားတဲ့သူတွေကိုလည်း ခံဝန်ထိုးထားတာ ဖြစ်တဲ့အတွက် လာရင်လာ၊ မလာရင် ခံဝန်ထိုးထားတယ်ဆိုတဲ့ပုံစံနဲ့ ဖမ်းဆီးမယ်ဆိုတော့ အကြောက်တရားကို ရိုက်သွင်းတာပါပဲ။ ဒီလိုမျိုး အကြောက်တရား ခြိမ်းခြောက်မှုတွေနဲ့ တဖက်က ခြိမ်းခြောက်သလို ဒီလိုမျိုး အကြောက်တရားဝင်အောင်လည်း စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ် အမျိုးမျိုးကနေ လှုံ့ဆော်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီလုပ်မယ့် အကယ်ဒမီပွဲကို ပြည်သူတွေ ကြည့်ရှုအားပေးတာမလုပ်ဘဲ သပိတ်မှောက်ဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီဝါဒဖြန့် တီဗွီရုပ်သံလိုင်းတွေကို မကြည့်ကြဖို့၊ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ် ထိထိရောက်ရောက်ပေးဖို့ တောင်းဆိုထားပါတယ်။

တော်လှန်ရေးနယ်မြေမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ သွန်းနေစိုးကတော့ စစ်ကောင်စီက အကယ်ဒမီပေးပွဲကို ဗန်းပြပြီး ပြည်သူလူထုအလယ်မှာ လူရာဝင်ချင်တာကြောင့် မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“မင်းအောင်လှိုင်က သူက ပြည်သူတွေထဲက နာမည်ကျော်တွေဖြစ်တဲ့ ရုပ်ရှင်လောကသားတွေကတဆင့် ချဉ်းကပ်တာ။ တမင်တကာ ဟန်ပြ လုပ်ဆောင်တာမျိုးပေါ့။ အကယ်ဒမီပေးပွဲကို ဗန်းပြပြီးတော့ မရိုးသားတဲ့ ရည်ရွယ်ချက်ကြီးကို အောင်မြင်အောင် လုပ်ဆောင်တယ် ကြားရတယ်။ အကယ်ဒမီပေးပွဲဆိုတာ ကျနော်တို့ အစဉ်အဆက်က မြန်မာ့ရုပ်ရှင် အနုပညာကို မြှင့်တင်တဲ့ ပွဲတပွဲသာ ဖြစ်ခဲ့တယ်။ ဘယ်ခေတ်မှ မကြုံဖူးပါဘူး။ ဒီပွဲမတက်လို့ အန္တရာယ်ပေးမယ်ဆိုတာ ဘယ်ခေတ်မှ မကြုံဖူးဘူး။ ကျနော်က ပြည်တွင်းကလူတွေကို ဒီဟာမျိုးကို စာနာနားလည်ပါတယ်။ တချို့ကလည်း ကြောက်တတ်တယ်။ ကျနော်တို့လိုမျိုး စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတာမျိုး ရှိချင်မှရှိမယ်။ အခြေအနေ အကြောင်းကြောင့် တက်ရတာမျိုး ရှိကောင်းရှိမယ်။ အဲဒါမျိုးကို အပြစ်မမြင်ဘူး။ ကျနော်အပြစ်မြင်တာက အဓိကပြောချင်တာက စစ်ကောင်စီအတွက် ကိုယ့်အနုပညာကို အသုံးချပေးတာမျိုး မလုပ်ဘူးဆိုရင် ကျနော်တို့က အရမ်းကြီး အပြစ်မမြင်ပါဘူး။ စစ်ကောင်စီအတွက် အသုံးချပေးတာမျိုးတော့ ရုပ်ပျက်တယ်ပေါ့လေ။ သီချင်းရေးပေးတယ်၊ သီချင်းတွေဆိုပေးတယ်၊ စစ်ကောင်စီအတွက် ပေါ်လစီကားတွေ ရိုက်ပေးတယ်။ အဲဒါဆိုရင် ဒါက အကြမ်းဖက်သမားနဲ့ တတန်းတည်းပဲ။ အကြမ်းဖက်သမားပါပဲ။ အဲ့လိုမျိုး မြင်ပါတယ်။”

မေလ ၆ ရက်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မဖြစ်မနေတက်ဖို့ ဖိတ်ကြားထားတဲ့ အကယ်ဒမီ ရရှိပြီးသား အနုပညာရှင် ၁၁၂ ယောက်စာရင်း ထုတ်ပြန်ထားပြီး အဲဒီစာရင်းမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေက အကယ်ဒမီပွဲ တက်ရောက်ဖို့ အားတက်သရော ပြင်ဆင်နေကြပြီး တဖက်မှာလည်း ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို စစ်ကောင်စီဘက်က အကယ်ဒမီပွဲတက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး လုပ်ဆောင်နေပါတယ်။

2 weeks Ago
Up