close

ဖမ်းဝရမ်း

close

April 4, 2023

အတိုက်အခံခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် ဗင်နီဇွဲလား သမ္မတ စီစဉ်နေ

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကို ဖမ်းဆီးမယ့် ဝရမ်း ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ဟွမ်ဂွိုင်ဒိုက ဧပြီ ၂ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

သတင်းမီဒီယာတွေဆီ ပေးပို့ထားတဲ့ ကိုယ်ပိုင် ယူကျုအကောင့်ပေါ်က ဗီဒီယိုထဲမှာ ဂွိုင်ဒိုက မာဒူရိုဟာ တခြားအတိုက် အခံခေါင်းဆောင်တွေကိုပါ ဖမ်းဆီးဖို့ ကြံစည်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"တကယ်လို့ ငါ့ကိုသာ ဖမ်းဆီး လိုက်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက အာဏာရှင်တစ်ယောက်လို ရှုမြင်နိုင်တယ်ဆိုတာ မင်းသိမှာပါ" လို့  ဂွိုင်ဒိုက သမ္မတကို ဗီဒီယိုထဲမှာ တိုက်ရိုက်ရည်ညွှန်း ပြောဆိုသွားတာပါ။ 

ဒီနှစ်အစောပိုင်းတုန်းကလည်း ဗင်နီဇွဲလားအတိုက်အခံအစိုးရက ကြားဖြတ်အစိုးရဟောင်းရဲ့ ခေါင်းဆောင်အဖြစ် ဂွိုင်ဒိုကို အစားထိုးခန့်အပ်ခဲ့သလို စင်ပြိုင် ဥပဒေပြုလွှတ်တော် အတွက်လည်း လူ ၃ ဦးပါ ခေါင်းဆောင်မှုအသစ်တစ်ရပ်ကို အဆိုပြုရွေးချယ်ခဲ့ပါတယ်။

ဗင်နီဇွဲလားအစိုးရက အများပြည်သူဆိုင်ရာရာထူး တာဝန်ထမ်းဆောင်ခြင်း မပြု ဖို့  ဂွိုင်ဒိုကို တားဆီးထားပေမယ့်လည်း လာမယ့်အောက်တိုဘာလ အကြိုရွေးကောက်ပွဲ မှာ ဝင်ပြိုင်ချင်တယ် လို့ ဂွိုင်ဒိုဘက်က ထုတ်ဖော်ပြောကြားထားပါတယ်။ 

11 mins Ago

March 6, 2023

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ဖမ်းဝရမ်းထုတ်

ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ မတ်လ ၅ ရက်က ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို နိုင်ငံတော်လက်ဆောင်တွေ ရောင်းချရာမှာ အလွဲသုံးစားလုပ်မှုနဲ့ တရားရုံးမှာထွက်ဆိုဖို့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်ဟာ အသက် ၇၀ အရွယ် အင်မရန်ခန်းကို နိုင်ငံခြား ဂုဏ်သရေရှိလက်ဆောင်တွေ တရားမဝင် ရောင်းချမှုမှာ အပြစ်ရှိကြောင်း အောက်တိုဘာလက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ခန်းကို တရားရုံးဆီလာဖို့ အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမဲ့ ပျက်ကွက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အေဂျင်စီက သူ့ကို လာဘ်စားမှုတိုက်ဖျက်ရေး တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

ခန်းဟာ မနှစ်အစောပိုင်းက လွှတ်တော်အတွင်း မဲခွဲရာမှာ ရာထူးကနေ နုတ်ထွက်ပြီးကတည်းက လျှပ်တပြက် ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

ခန်းရဲ့တောင်းဆိုချက်ကို လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ပယ်ချခဲ့ပြီး အခုနှစ်နှောင်းပိုင်းမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်းဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းက ဆန္ဒမဲပေးဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး ဆန္ဒဖော်ထုတ်မှုတရပ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

တရားရုံးတက်ဖို့ ပျက်ကွက်တာနဲ့ ပစ်ခတ်မှု ဖြစ်ရပ်ကို ရည်ညွှန်းပြီး “သူတို့ (ရဲ) က ကျနော့်အသက်ကို ခြိမ်းခြောက်နေတယ်ဆိုတာ သိပါတယ်။ တရားရုံးတွေက လုံလောက်တဲ့ လုံခြုံရေး မပေးထားဘူး” လို့ ခန်းက မတ် ၅ ရက်မှာ ပြောပါတယ်။

ခန်းရဲ့လက်ထောက် ဖာဝဒ် ချောင်ဒရီက သူ့ကို အထက်တရားရုံးက အကာအကွယ်ပေးထားတဲ့ အာမခံနဲ့ ဖမ်းထားနိုင်လို့ အဖမ်းခံရတာလို့ ပြောပါတယ်။

လာဟိုးမြို့က သူ့နေအိမ်မှာ ခန်းကို ရှာမတွေ့ရင် ဖမ်းဝရမ်းထုတ်ထားပြီလို့ အစ္စလာမာဘတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခန်းဟာ မတ်လ ၇ ရက်နေ့မှာ ရုံးထုတ်ခံရမှာ ဖြစ်ပြီး တကယ်လို့ ပျက်ကွက်ခဲ့ရင် ရဲတွေက သူ့ကိုဖမ်းဆီးပြီး တရားရုံးကို တင်ပြရမယ်လို့ ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနူးလာက ပြောပါတယ်။

4 weeks Ago
Up