close

ဖယ်ခုံPDF

close

July 11, 2022

Non-CDM ဝန်ထမ်းများ စစ်ကောင်စီလက်အောက်က အမြန်ဆုံးထွက်ခွာရန် ဖယ်ခုံPDF သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ အပါအဝင် Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီယန္တရားလည်ပတ်မှုကို အထောက်အကူမပြုဖို့နဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့  ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီလောက်က   ဖယ်ခုံမြို့မရဲစခန်းနဲ့ ထွေ/အုပ်ရိပ်သာတို့ကို  ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ က RPG နဲ့ သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် အခုလို သတိပေးစာထုတ်ပြန်တာဖြစ်ပါတယ်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ပြောခွင့်ရသူက “ ကျနော်တို့ PDF တွေဘက်က စစ်ဘောင်ချဲ့လာတာ ခုဆို တိုက်ခိုက်ဖို့ကျန်တာ မြို့ပေါ်တခုတည်းကျန်တာပါ။ ကျန်တနေရာတွေမှာ နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေ ဖြစ်နေတာပါ။ ဒါကို စစ်ကောင်စီ ယန္တရား လည်ပတ်မှုကို အထောက်အကူပေးနေတဲ့ ဝန်ထမ်းတချို့ ကျန်နေပါတယ်။ ရဲနဲ့ထွေအုပ်အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေရော၊ အဲလို ဝန်ထမ်းတွေကို နောင်အခါ မြို့ပေါ် စစ်ဖြစ်လာခဲ့ရင် လုံခြုံမှုမပေးနိုင်တော့ပါဘူး။”

Non-CDM ဝန်ထမ်းအများစုဟာ  ဖယ်ခုံမြို့မှာ အခြေချနေထိုင်သူတွေနဲ့ ဒေသခံတွေ ဖြစ်တာကြောင့် ဒေသလူထု အကျိုးရှေးရှုဖို့နဲ့ စစ်ကောင်စီယန္တရားလည်ပတ်မှုကို အထောက်အကူမပြုဖို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က  ဖယ်ခုံရဲစခန်းနဲ့ ထွေအုပ်ရိပ်သာကို PDFက  လက်နက်ကြီးနဲ့ သတိပေးပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်ကလည်း  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ 

36 seconds Ago
Up