close

ဖရန့်ကီဒီယွန်

close

May 8, 2022

ဆေးလ်ဗားနှင့် ဖရန့်ကီဒီယွန်းကို အလဲအထပ်လုပ်ရန် ဘာစီလိုနာကမ်းလှမ်းဖွယ်ရှိ

ဘာစီလိုနာအသင်းဟာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုနေတာကြောင့် အသင်းရှိကွင်းလယ်လူ ဖရန့်ကီဒီယွန်းနဲ့ အလဲအထပ်ပြုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါ တယ်။ 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ဆေးလ်ဗားကိုခေါ်ယူဖို့ စိတ်ဝင်စားမှုပြသခဲ့ပေမယ့် ဆေးလ်ဗားက စီးတီးမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

လက်ရှိအချိန်မှာတော့ ဆေးလ်ဗားကိုပြန်လည်ခေါ်ယူဖို့ စီစဉ်နေပြီး ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဖရန့်ကီဒီယွန်းနဲ့ အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုက ရေးသားခဲ့ပါတယ်။ 

မန်စီးတီးနည်းပြ ဂွgဒီယိုလာဟာလည်း ဟော်လန်ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ချီးကျူးပြောဆိုခဲ့ဖူးတာကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဘာနာဒိုဆေးလ်ဗားနဲ့ အလဲအထပ် လုပ်ဆောင်လို့ မရဘူးဆိုရင် ဖရန့်ကီဒီယွန်းကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

ဒီယွန်းကို မန်ယူနည်းပြသစ်ဖြစ်လာတဲ့ အိုင်းယက်စ်နည်းပြဟောင်းတန်ဟတ်ချ်က ပြန်လည်ခေါ်ယူလိုနေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ 

1 min Ago
Up