close

ဖရီဒါ

close

October 9, 2022

ရေတပ်ကယ်တင်ရေးခွေး ဖရီဒါ၏ ပုံတူရုပ်တု မက္ကဆီကိုရေတပ်က ဂုဏ်ပြုဖွင့်လှစ်

မက္ကဆီကိုရေတပ်ဟာ အောက်တိုဘာ ၆ ရက်က ကမ္ဘာကျော် ရေတပ်ကယ်တင်ရေးခွေး ဖရီဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရုပ်တုကို  ဖွင့်လှစ်ခဲ့ပါတယ်။ 

သူ့စိတ်ကြိုက်လုပ်ထားပေးတဲ့ ခွေးမျက်မှန်နဲ့ ဘွတ်ဖိနပ်တွေကြောင့် လူသိများတဲ့ အဝါရောင် လက်ဘရေဒေါ ခွေးကြီးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း မက္ကဆီကိုမှာ ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ 

အဲ့ဒီနောက် ဆိုရှယ်မီဒီယာ ကြယ်ပွင့် ဖြစ်လာခဲ့ပြီး မက္ကဆီကို နိုင်ငံသားတွေအတွက် စိတ်အား တက်ကြွစရာနဲ့ ဂုဏ်ယူစရာ အရင်းအမြစ် တခုအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ 

ဖရီဒါဟာ ထောင်ပေါင်းများစွာသော မက္ကဆီကန်မိသားစုတွေကို သူတို့ရဲ့ အခက်ခဲဆုံး အချိန်တွေမှာ မျှော်လင့်ချက်ပေးခဲ့တယ်လို့ မက္ကဆီကိုရဲ့ ရေတပ်အတွင်းရေးမှူး ဟိုဆေးဂျီဒါဒူရန်က  သတင်းထောက်တွေကို ပြောပါတယ်။

ဒီရုပ်တုဟာလည်း မက္ကဆီကိုလူမျိုးတွေအတွက် အမှတ်သင်္ကေတ ပြုထားတဲ့ အမှတ်ရစရာအ ကြောင်း ဖြစ်ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာ အငြိမ်းစားယူထားပြီဖြစ်တဲ့ ဖရီဒါဟာ အဲဒီပွဲကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ ရုပ်တု၊ အစိုးရ အရာရှိတွေနဲ့ ကျောင်းသားကလေးတွေရဲ့ ဘေးနားမှာ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ 

6 mins Ago
Up