close

ဖရီးကစ်

close

September 29, 2021

ဖရီးကစ်ပေးရချိန် ခန္ဓာကိုယ်လဲလျောင်း တားဆီးခဲ့သည့် မက်ဆီကို ဖာဒီနန်နှင့် ဟားဂရေ့ဗ်တို့ အံ့အားသင့်

မနေ့ညက ကန်သွားတဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ တိုက်ရိုက်ဖရီးကစ်ပေးရချိန် ခန္ဓာကိုယ်ကို လဲလျောင်းပြီး ကာကွယ်ခဲ့တဲ့ မက်ဆီရဲ့ လုပ်ရပ်အပေါ် အံ့အားသင့်မိတယ်လို့ အားကစားသုံးသပ်သူ ဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က ပြောပါတယ်။

သူတို့နှစ်ဦးဟာ BT Sport မှာ သုံးသပ်စကားဆိုချိန်မှာ မက်ဆီရဲ့ လုပ်ရပ်အတွက် မယုံနိုင်အောင်ဖြစ်မိကြောင်း ဆိုခဲ့ကြတာပါ။

မက်ဆီဟာ မန်စီးတီးက တိုက်ရိုက်ဖရီးကစ်ရချိန်မှာ မာရက်ဇ်ရဲ့ ကိုက် ၂၀ အကွာက ကန်သွင်းချက်ကို ကာကွယ်ဖို့အတွက် လူတံတိုင်းအနောက်က မြက်ခင်းပြင်ပေါ်မှာ ခန္ဓာကိုယ်ကို လဲလျောင်းပြီး ကာကွယ်ဖို့ ပြင်ဆင်ခဲ့တာပါ။

မာရက်ဖ်က ကန်သွင်းရာမှာတော့ ဂိုးဘားပေါ် ကျော်ခဲ့ပါတယ်။ ဖာဒီနန်ကတော့ အဲဒီမြင်ကွင်းဟာ မက်ဆီကို မလေးစားရာရောက်ပြီး သူသာ ပီအက်စ်ဂျီ ကစားသမားတစ်ဦးဆိုရင် မက်ဆီ အစားဝင်ပြီး ကာကွယ်ပေးမှာဖြစ်ကြောင်း ဖာဒီနန်က  မှတ်ချက်ပေးခဲ့တာပါ။

မက်ဆီက သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး မြက်ခင်းပြင်ပေါ် လဲလျောင်းပြီး ကာကွယ်ခဲ့တာကို မယုံကြည်နိုင်အောင်ဖြစ်မိတယ်လို့ ဟားဂရေ့ဗ်ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

2 mins Ago

December 16, 2020

ဂျိမ်းစ်ဝက်စ်ပရောက်၏ ဖရီးကစ်  ဒေးဗစ်ဘက်ခမ်းထက်ပိုကောင်းဟု ဝဲလ်ကော့ ချီးကျူး

ဆောက်သမ်တန် ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်က ဒေးဗစ်ဘက်ခမ်းထက် ဖရီးကစ် ကန်တာကောင်းတဲ့သူ ဖြစ်တယ်လို့ ဝဲကော့လ်က ချီးကျူးပါတယ်။ အင်္ဂလန် ကွင်းလယ်လူ ဝက်စ်ပရောက်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေ ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘက်ခမ်းရဲ့ တစ်ရာသီအတွင်း ဖရီးကစ် ဂိုး ၅ ဂိုးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ၂ ဂိုး လိုအပ်သေးတာပါ။  ဆောက်သမ်တန် တောင်ပံတိုက်စစ်မှူး ဝဲလ်ကော့ကတော့ အသင်းဖော် ဝက်စ်ပရောက်ဟာ လေ့ကျင့်ရေးအပြီးတိုင်းမှာ ဖရီးကစ်လေ့ကျင့်လေ့ရှိပြီး သူ ကန်သွင်းပုံကို ထိုင်ကြည့်ရင်း တချိန်က ဒေးဗစ်ဘက်ခမ်းကို သတိရမိတယ်လို့ ဝဲလ်ကော့က ပြောပါတယ်။ ဝက်စ်ပရောက်ရဲ့ ကန်သွင်းပုံကို ကြည့်ရတာဟာ နှစ်သက်စရာကောင်းပြီး ဒေးဗစ်ဘက်ခမ်းထက် ပိုကောင်းတယ်လို့ ချီးကျူးခဲ့တယ်လို့ ဝဲလ်ကော့က ပြောပါတယ်။   ဒီနေ့ခေတ်မှာ ဖရီးကစ် ကန်သွင်းခွင့်ရတာက ပင်နယ်တီရရှိသလို ဖြစ်ပြီး အသုံးချလို့ ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်လို့လည်း ဝဲလ်ကော့က သုံးသပ်ပါတယ်။
10 months Ago
Up