ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့ ဆိုလားကူးကျေးရွာအနီးတစ်ဝိုက်မှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး ထက်မ နည်းသေဆုံးပြီး လွိုင်ကော် PDF မှ ရဲဘော် ၁ ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲတပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
ဆိုလားကူးကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုးဗြဲ တပ်ရင်း ၂ ၊ လွိုင်ကော် PDF ၊ KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၊ တပ်ရင်း ၁၁၀၁၊ ဒီးမော့ဆို PDF၊ တပ်ရင်း ၁၁၀၇၊ မိုးဗြဲ PDF၊ KRU နဲ့ KGZ စတဲ့ မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးပြီး လွိုင်ကော် PDF မှ အသက် ၁၉ နှစ်အရွယ် ရဲဘော် စီနီးလို သေဆုံးခဲ့သလို နောက်ထပ် ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆိုလားလူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့နဲ့ ဒေသခံမဟာမိတ်တပ်ပေါင်းစုများကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့ တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုကြား အခုရက်ပိုင်း နေ့ညမပြတ် ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ လက်ပြီးဖြစ်ပွားနေပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
မနေ့ ဇွန် ၁၂ ရက်မှာ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ယောက် ထိခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF BO6 က သတင်းထုတ်ပြန်ပါတယ်။
ပူဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDF/B-06 က သွားရောက်ခိုက်ခဲ့လို့ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် ထိခိုက်ခဲ့သလို KNDF တပ်မှက ရဲဘော် ၂ ယောက် ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၆ မိုင် ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF က ကင်းလဲဖို့ သွားတဲ့ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရတာဖြစ်ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF တာဝန်ရှိသူတဦးက ပြောပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၁၀ ရက်က သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ် ( DMO - PDF )ရဲဘော်တယောက်ကျဆုံးခဲ့ကာ မနေ့က မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်စခန်းကို DMO-PDF ဗျူဟာ ( ၃ ) C, D, Eနဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တို့က သွားရောက်တိုက်ခိုက်စဉ် အသက် ၂၀ အရွယ် ရဲဘော် မောင်ပီလားရှို ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ DMO-PDF ကထုတ်ပြန်ပါတယ်။
အလားတူ စံပြ ၆ မိုင်ကျေးရွာမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇွန် ၁၁ ရက်က တိုက်ပွဲဖြစ်ပြီး ရဲဘော် တယောက်ထပ်မံကျဆုံးသွားခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အများအပြား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။
မနေ့ကလည်း ဖရူဆိုလမ်းဘေးက ထီးပေါဆိုရွာမှာ လက်နက်ကြီးကျပြီး ခရစ်ယာန် ဘုရားကျောင်းပျက်စီးသွားခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့ရပါတယ်။
ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာဘက်မှာလည်း ဒီမနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ကရင်နီပူးပေါင်းတပ်က ပြောပါတယ်။