ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ တရုတ်နိုင်ငံကို သွားရောက်မယ့် နိုင်ငံတော်ခရီးစဉ်မတိုင်ခင် သုံးရက်အလိုမှာပဲ ရွေးကောက်ပွဲမဲဆွယ်ကတိတခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ထပ်လောင်း ပြောပါတယ်။
လေယာဉ်မထွက်ခွာမီ မားကို့စ်က အစိုးရအဖွဲ့ဝင်တွေကို ပြောကြားရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပါဝင်ပါတယ်။
“ဒီကိစ္စရပ်တွေဟာ နှစ်နိုင်ငံကြား ပြဿနာသာဖြစ်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်ကြားက မိတ်ဆွေဖြစ်မှုနဲ့ မသက်ဆိုင်ဘူး” လို့ မားကို့စ်က ဖြည့်စွက်ပြောပါတယ်။
ဒီနိုင်ငံတော်ခရီးစဉ်အတွင်း လက်ရှိအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ မှားယွင်းတဲ့ တွက်ချက်မှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ လွဲမှားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် မနီလာနဲ့ ပေကျင်းအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် အချိတ်အဆက်တခုကို တရားဝင်ထားရှိဖို့ လက်မှတ်ရေးထိုးဖွယ် ရှိတယ်လို့လည်း ဖိလစ်ပိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီ အာရှအိမ်နီးချင်းနိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း နှစ်ရှည် ပြိုင်ဘက်နိုင်ငံတွေ ဖြစ်သလို ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုန်စည်တွေ နှစ်စဉ် ဖြတ်သန်းသွားလာနေတဲ့ မဟာဗျူဟာကျ ရေကြောင်းလမ်းတခုပေါ်မှာ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အများစုကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ဆိုထားပေမဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ နိုင်ငံတကာခုံသမာဓိ စီရင်ဆုံးဖြတ်ချက်အရ ဒီတောင်းဆိုမှုဟာ တရားမဝင်ဘူးလို့ ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
မေလ ၉ ရက် ရွေးကောက်ပွဲအတွက် သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ ဖာဒီနန် မားကို့စ် ဂျူနီယာကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူဒါတေရဲ့ နိုင်ငံရေးပါတီက မတ်လ ၂၂ ရက်မှာ ထောက်ခံချက် ပေးလိုက်ပါတယ်။
သမ္မတလောင်း မရွေးရသေးတဲ့ PDP-Laban ပါတီက မားကို့စ်ကို ထောက်ခံမယ်လို့ မနီလာမြို့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
မားကို့စ် ဂျူနီယာဟာ ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်ပြီး သူဟာ လက်ရှိသမ္မတ ဒူဒါတေရဲ့ သမီးဖြစ်သူ ဒါဗာအိုမြို့တော်ဝန် ဆာရာ ဒူဒါတေ ကာပီယိုနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ဆွေးနွေးပွဲတွေ အများကြီးလုပ်ပြီး ညှိနှိုင်းတိုင်ပင်အပြီးမှာ ကျနော်တို့ နှလုံးသားနဲ့ အနီးကပ်ဆုံးရှိသူက ဘောင်ဘောင်မားကို့စ်ဆိုတာ ပြလိုက်တယ်” လို့ ပါတီဥက္ကဋ္ဌ အယ်လ်ဖွန်ဆို ကူစီက ပြောပါတယ်။
ထင်မြင်ချက် စစ်တမ်းတွေအရ မားကို့စ်ဟာ သမ္မတရွေးကောက်ပွဲမှာ အားကောင်းကောင်း ရှေ့ပြေးနေပြီး လက်ရှိသမ္မတ ဒူဒါတေရဲ့ သမီးကတော့ ဒုသမ္မတအဖြစ် ထိပ်ဆုံးက လူကြိုက်များ ရွေးချယ်ခံနေရပါတယ်။