close

ဖာနန်ဒတ်စ်

close

September 30, 2022

မန်ယူကွင်းလယ်တွင် အဲရစ်ဆင်ရှိနေသဖြင့် တိုက်စစ်ဆင်စားနိုင်ဟု ဖာနန်ဒတ်စ်ပြော

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်မှာ အဲရစ်ဆင်ရှိနေလို့ ခြေစွမ်းပြသနိုင်ဖို့ လွယ်ကူစေတယ်လို့  အသင်းဖော် ဖာနန်ဒက်စ်က ပြောပါတယ်။

အဲရစ်ဆင်ဟာ ဘောလုံးလက်ခံရယူပြီး ကောင်းမွန်တဲ့ပေးပို့မှုတွေ လုပ်နိုင်တာက တွဲဖက်အသင်းဖော် သူ့အတွက် လွတ်လွတ်လပ်လပ်နဲ့ တိုက်စစ်လိုက်ပါ ကစားခွင့်ရလာတာကို ဖာနန်ဒက်စ်က ရည်ညွှန်းပြောသွားတာပါ။

အသက် ၃ဝ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်လူဟာ နှလုံးဖောက်တဲ့ရောဂါကြောင့် ကွင်းထဲလဲကျခဲ့ဖူးပေမဲ့ မနှစ်ကရာသီမှာ  ဘောလုံးပြန်ကစားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဒီနှစ်မှာတော့ မန်ယူအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူကို ဒီနှစ်ရာသီမှာရောက်ရှိလာတဲ့ တခြားကစားသမားသစ်တွေဖြစ်တဲ့ မာတီနက်ဇ်၊ ကတ်စမီရိုနဲ့ မာလာစီယာ တို့ရဲ့သက်ရောက်မှုကိုလည်း  ဖာနန်ဒက်စ်ကချီးကျူးသွားခဲ့ပါတယ်။

4 mins Ago
Up