close

ဖာပွန်ခရိုင်

close

May 6, 2023

ဖာပွန်ခရိုင်၌ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ခွဲမှူး ၁ ဦးအပါအဝင် အယောက် ၉၀ သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဧပြီ ၁ လတာအတွင်း ပြောက်ကျားတိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်ခွဲမှူး ၁ ဦးအပါအဝင် အယောက် ၉၀ သေဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မေ ၆ ရက်မှာ ကေအန်ယူ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က ၂ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့သလို စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူတွေရဲ့ ကျေးရွာနဲ့လယ်ယာလုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီး အလုံး ၄၀ နီးပါးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ဆောင်ချိန် ဗုံးသီး ၁၇ လုံးကြဲချခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ သံလွင်မြစ်ကမ်းနံဘေးက  မယ်ခါးထာ့စခန်းကို ပြန်လည်ရယူဖို့ ကြိုးစားခဲ့ရာ မြေပြင်ထက်လေကြောင်းကို အများဆုံး အသုံးပြုလာတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒို (ပြောခွင့်ရ) က ပြောပါတယ်။

”လေကြောင်းကနေ သူတို့တပ်စခန်းမှာရှိတဲ့ လူတွေကိုကာကွယ်ပေးတာ၊ တပ်စခန်းမှာရှိတဲ့ သူတို့လူတွေရဲ့ စားနပ်ရိက္ခာလာပြီးတော့ ရဟတ်ယာဉ်နဲ့ ချပေးတာတို့ဘာတို့ ရှိတယ်။ နေ့စဉ်လိုလိုပဲ လုပ်နေတယ်။ ရိက္ခာက ကုန်ကြောင်းနဲ့သူတို့ပို့ရမှာ ခက်ခဲအများကြီးရှိတဲ့အပေါ်မှာ သူတို့က အခုက အများဆုံးသုံးတာလေကြောင်းသုံးတာများတယ်။”

သံလွင်မြစ်ကမ်းနံဘေးက စစ်ကောင်စီရဲ့အရေးပါးတဲ့ မယ်ခါးထာ့တပ်စခန်းကို မတ် ၂၈ ရက် မနက် ၆ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေ များပြားခဲ့ပြီး   စခန်းစွန့်ခွာ ထွက်ပြေးခဲ့တဲ့အတွက် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်တာတွေကြောင့် ဒေသခံပြည်သူ ၉ သောင်းကျော်ဟာ စိုးရိမ်ကြောက်လန့်ကာ ကျေးရွာနဲ့နေအိမ်တွေကိုစွန်ခွာပြီး လုံခြုံမယ်ထင်တဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံပြည်သူတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ခွာလာခဲ့ရတာ၊ အချိန်အခါမဟုတ် မိုးရွာတာ၊ ရာသီတုပူပြင်းတာတွေကြောင့် နေထိုင်စားသောက်ရေးအပြင် ဆေးဝါးအခက်အခဲတွေ အရေးပေါ် လိုအပ်နေတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

6 hours Ago

May 5, 2023

ဖာပွန်ခရိုင်တွင် BGF စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်၊ တပ်ခွဲမှူးအပါ ၆ ဦးသေဆုံး

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) နီကန်တပ်စခန်းကို မေ ၂ ရက် မွန်းလွဲ ၂ နာရီလောက်က KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ BGF တပ်ခွဲမှူးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းစစ်မြေပြင်ကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေပို့ဆောင်ဖို့အတွက် လမ်းလုံခြုံရေးတာဝန်ယူပေးထားတဲ့ BGFတပ်နယ် ၃ လက်အောက်ခံ နီကန်တပ်စခန်းကို တပ်မဟာ ၅ လက်အောက်ခံ KNLA တပ်ရင်း၊ တပ်ခွဲက တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

KNLA တာဝန်ရှိသူတဦးက”ဒီစခန်းကနေပြီး စကစစစ်ကြောင်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လက်ခံပြီ လမ်းကြောင်းလုံခြုံရေးလုပ်ပေးနေတာ။ စကစအတွက် အရေးပါတဲ့ စခန်းတခု။ ဒါကြောင့် ဝင်ရောက်တိုက်ခိုက်တာ”လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်(BGF)ဘက်က တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့သလို BGFထံကနေ AR- ၅ လက်နဲ့အတူ ကျည်ဆံအပြည့်ပါကျည်ဘောက် ၁၆ ချပ်၊ 9-MM-နိုင်းမမပစ်စတို ၁ လက်၊ RPG-7 လက်၊ ဗုံးသီး ၆ လုံး၊ NATO-စက်လတ် ၁ လက်၊ ကျည် ၅၀၀ တောင့်၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးသိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဘက်က စစ်သည် ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဘ်လို့ သတင်းထုတ်ပြန်ထားပြီး နယ်ခြားစောင့်တပ်(BGF)ဘက်က သေဆုံးမှုအခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

2 days Ago
Up