close

ဖာပွန်ဒေသခံ

close

August 21, 2021

လေကြောင်းတိုက်ခိုက်မှုခံရမည်ကို စိုးရိမ်သဖြင့် ဖာပွန်ဒေသခံပြည်သူများ တိမ်းရှောင်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)နေ  ဒေသခံ တွေဟာ စစ်ကောင်စီရဲ့ လေတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှာကို စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့  ကေအန်ယူက ဩဂုတ် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အခုရက်ပိုင်းအတွင်း KNU/KNLA တပ်မဟာ- ၅  ထိန်းချုပ်နယ်မြေမှာ  စစ်ကောင်စီရဲ့တပ်တွေ အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာတဲ့အပြင် လေယာဉ်တွေ နေ့စဉ်ပျံသန်း ကင်းထောက်နေတာတွေရှိနေတဲ့အတွက် လေကြောင်း တိုက်ခိုက်မှာကို စိုးရိမ်ထိတ်လန့်ပြီး ဒေသခံ​တွေ ထွက်ပြေးတိမ်းရှောင်နေ​တာပါ။ 

သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ KNU/KNLA  တပ်မဟာ ၅ နယ်မြေအတွင်းကို အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားရာမှာ တိုက်ပွဲပေါင်း အကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က  နယ်ကျော်လှုပ်ရှားသွားလာရာမှာ ဒေသခံတွေရဲ့ လယ်​​၊ လယ်ကွင်းနဲ့ ဥယျာဉ်ခြံမြေအတွင်း လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်တာတွေ ရှိပါတယ်။ 

သြဂုတ် ၁ ရက်ကစပြီး  စစ်ကောင်စီတပ်တွေ ပိုမိုလုပ်ရှားလာတဲ့အပြင် စစ်လက်နက်ပစ္စည်းနဲ့ အင်အားဆက်လက်ပို့ဆောင်​နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြီး ပိုမို ပြင်းထန်လာနိုင်တယ်လို့ KNU/KNLA  တပ်မဟာ- ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

သြဂုတ် ၁ ရက်မှ ၁၅ ရက်အထိ KNU/KNLA  တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ  တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူသတင်းဌာနက ​သြဂုတ် ၁၈ ရက်က  ထုတ်ပြန်ထားပါတယ်။

6 mins Ago

July 28, 2020

တပ်မတော် တပ်စခန်းများရုပ်သိမ်းပေးရန် ဖာပွန်ဒေသခံ ၄၀၀၀ ကျော်ဆန္ဒပြတောင်းဆို

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ တပ်မတော် တပ်စခန်းတွေပြန်ရုပ်သိမ်းပေးဖို့နဲ့ နော်မူနော် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိရောက်စွာအရေးယူဖို့ ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ဖာပွန်ဒေသခံ ၄၀၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ တောင်းဆိုကြပါတယ်။ ဖာပွန်မြို့နယ် တောင်သုံးလုံးတပ်စခန်းကနေ  ကဒိုင်တိအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြ သလို ညနေပိုင်းမှာလည်း ကမမောင်းအနီးဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ စောဘီက ပြောပါတယ်။ “ကျနော်တို့က စစ်တပ်ရဲ့ ပြည်သူလူထုကို မတရားသတ်ဖြတ်မှုတို့၊ ပြီးတော့ ရွာတွေကို လက်နက်ကြီးကျည်ကျတာတို့၊ ပြီးတော့ စစ်ရေးလှုပ်ရှားမှုအမျိုးမျိုးပေါ့နော် ကျနော်တို့ လက်မခံနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်တာ။ အဓိက တောင်းဆိုချက်က ရှင်းရှင်းပြောရရင်တော့ စစ်တပ်စခန်းတွေကို ကျနော်တို့ နေထိုင်တဲ့ကျေးရွာဒေသတွေကနေ မလိုချင်ဘူး။မရှိစေချင်ဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ကျေးရွာပြည်သူတွေ ဘဝလုံခြုံမှုမရှိဘူး။ သူတို့ရှိတဲ့အတွက်ကြောင့်၊ အဲဒါကြောင့် ကျနော်တို့ ဒီပေါ်မူတည်ပြီး ကျနော်တို့ဆန္ဒပြကြတာ။” အဆိုပါဆန္ဒပြပွဲမှာ ဖာပွန်ခရိုင်နဲ့ ကမမောင်းဒေသက ကျေးရွာအုပ်စု ၆ စု ကျေးရွာပေါင်း ၃၀ လောက်က   ဒေသခံပြည်သူ ၄၆၅၀ ဦး  ပူးပေါင်းပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ လူထုကို သတ်ဖြတ်မှုကို မကျေနပ်ကြောင်း၊ ကျေးရွာအပေါ်လွှမ်းမိုးချုပ်ကိုင်ဖိနှိပ်ခြင်းကို မကျေနပ်ကြောင်းစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့လို ပိုစတာတွေကိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ ကရင်လူမျိုးတွေ နေထိုင်ရာ ဒေသနယ်မြေမှာ တပ်စွဲထာတဲ့ အစိုးရတပ်မတော်စစ်ကြောင်း အထိုင်စခန်း  ဖြစ်တဲ့  တောင်သုံးလုံးစခန်း၊ ကူးဆိပ်စခန်းတွေ  ပြန်လည် ဆုတ်ခွာပေးရေးနဲ့ ဒေသခံ တွေ အပေါ် သတ်ဖြတ်မှုတွေအထွက် ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရေး စတာတွေ တောင်းဆိုကာ စီတန်းလှည့်လည်ခဲ့ကြပါတယ် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှာ ဇူလိုင် ၁၆ ရက်နေ့က အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်နှစ်ဦးကို ဖမ်းဆီးထားပြီး ထိရောက်ပြင်းထန်စွာအရေးယူ သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။ Photo - Saw Tar Tu / MPA
1 year Ago
Up