close

ဖာဘီယိုဗီအဲယာ

close

June 22, 2022

သမိုင်းအစဉ်အလာရှိသည့် အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရသဖြင့် ဂုဏ်ယူကြောင်း ဗီအဲယာပြော

သမိုင်းအစဉ်အလာရှိတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ ဂုဏ်ယူမဆုံးဖြစ်ရကြောင်း ကစားသမားသစ် ဖာဘီယိုဗီအဲယာက ပြောပါတယ်။

ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ကွင်းလယ်လူဟာ ပေါ်တိုအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အာဆင်နယ်မှာ ကျောနံပါတ် ၂၁ ဝတ်ဆင်မှာဖြစ်ပြီး အသင်းနဲ့ ပထမဆုံး အင်တာဗျူးအစီအစဉ်မှာ အစဉ်အလာရှိတဲ့အသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူကြောင်း ဖာဘီယိုဗီအဲယာက ထည့်သွင်းပြောသွားခဲ့တာပါ။

“အာဆင်နယ်အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ကျနော် အမြဲတမ်းချီးကျူးခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ အတိတ်ကာလတွေမှာ ဘားကမ့်၊ အွန်နရီ၊ ဖာဘရီဂတ်စ်၊ ကာဇိုလာတို့လို ကစားသမားတွေရဲ့ ကစားပုံတွေကို ကျနော် မှတ်မိနေပါသေးတယ်။ အာဆင်နယ်အသင်းက ကြီးမားတဲ့ အသင်းတသင်းဖြစ်သလို သမိုင်းအစဉ်အလာကောင်းခဲ့တဲ့ အသင်းလည်းဖြစ်တယ်။ ဒီလိုအသင်းကို ပြောင်းရွှေ့လာရလို့ ပျော်ရွှင်မိပြီး ဂုဏ်ယူမဆုံးနိုင်အောင် ဖြစ်မိပါတယ်။”

နည်းပြ အာတီတာကတော့ ဖာဘီယိုဟာ ဂိုးဖန်တီးမှုကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းမှာ အရည်အသွေးမြင့်တဲ့ စွမ်းဆောင်ရည်တွေ ယူဆောင်လာမယ့်သူ ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။

39 seconds Ago
Up