close

ဖားကန့်ထောင်

close

November 17, 2022

ဖားကန့်ထောင်မှ နိုင်ကျဉ်း ၁၁ ဦးပါ ၁၅ ဦးပြန်လွတ်၊ မြစ်ကြီးနားထောင်မှ နိုင်ကျဉ်း ၇ ဦးပါ ၇၀ ကျော်လွတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အချုပ်ထောင်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အကျဉ်းသား  စုစုပေါင်း ၁၅ ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းခွင့်နဲ့  ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဇွပ်ယန်ကျေးရွာမှာရှိတဲ့ ဖားကန့်မြို့နယ် အချုပ်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အထဲမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ ၁၁ ဦးနဲ့ တခြားအမှုနဲ့ အကျဥ်းကျနေသူ ၄ ဦး ပါဝင်လာတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူ ၃ ဦး လွတ်မြောက်ဖို့ ကျန်ရှိနေ​သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မြစ်ကြီးနားအကျဉ်းထောင်က နိုဝင်ဘာ ၁၇ ရက် မွန်းလွှဲ ၂ နာရီလောက်မှာ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ ၇၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

9 hours Ago
Up